ဆိုင်းဘုတ် လာဖြုတ်သည့် စစ်ကောင်စီတပ်သားများ ပဒေသာမိုင်းထိပြီး ထိခိုက် သေဆုံး

ဆိုင်းဘုတ် လာဖြုတ်သည့် စစ်ကောင်စီတပ်သားများ ပဒေသာမိုင်းထိပြီး ထိခိုက် သေဆုံး

 ပဲခူးတိုင်း မိုးညိုမြို့နယ်တွင် ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့ နံနက်ပိုင်းက အာဏာသိမ်းစစ်ခေါင်းဆောင်အား ဆန့်ကျင်ရေးသားထားသော စာသားပါဆိုင်းဘုတ်ကို လာရောက်ဖြုတ်သိမ်းသည့် စစ်ကောင်စီတပ်သားများ ပဒေသာမိုင်းမိပြီး ထိခိုက်သေဆုံးသွားကြကြောင်း သိရသည်။

အဆိုပါ ဆိုင်းဘုတ်အား ဖြုတ်ရန်လာသည့် စစ်ကောင်စီတပ်၏ ကား၊ ဆိုင်ကယ်တို့ ပါဝင်‌‌သော ယာဉ်တန်းကို ညောင်လေးပင်နှင့် မြစ်သာရွာကြား၌ မိုးညိုမြို့နယ် ပကဖ နှင့် သာယာဝတီခရိုင် PDF တပ်ရင်း(၃၈၀၂) တပ်ခွဲ(၄)တို့မှ သုံးဆင့် ပဒေသာမိုင်းဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီသားများ ထိခိုက်သေဆုံးသူရှိခဲ့သည်ဟု သိရသည်။

ထို့ပြင် စစ်ကောင်စီ၏ ဒေါက်တိုင် အုပ်ချုပ်ရေးမှူးများ (၁)လတွင်း နှုတ်ထွက်ရန်၊ ရဲတပ်ဖွဲ့နှင့် တပ်မတော်သားများသည် စစ်ကောင်စီ၏ စစ်တပ်အား စွန့်ခွာရန်၊ စစ်ကောင်စီနှင့် ပူးပေါင်း၍ ကိုယ်ကျိုးရှာ ဝိသမလောဘ စီးပွား ရေးလုပ်ငန်းရှင်များ အနေဖြင့် ပြည်သူလူ ထုနှင့် အတူတကွရပ်တည်ရန် သတိပေးထုတ်ပြန်ထားသည်။