နတ်မောက်မြို့နယ် အမှတ်(၂) ပင်မဆက်သွယ်ရေးတပ်မှ ဗိုလ်မှူးဘစိုင်း ပစ်ခတ်ခံရ

နတ်မောက်မြို့နယ် အမှတ်(၂) ပင်မဆက်သွယ်ရေးတပ်မှ ဗိုလ်မှူးဘစိုင်း ပစ်ခတ်ခံရ
ဖေဖော်ဝါရီ 25, 2024 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း နတ်မောက်မြို့နယ်တွင် အရပ်ဝတ်ဖြင့် ဆိုင်ကယ်နှင့်သွားနေသော စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးကို ငပြေမပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဂွေးကုန်း‌နှင့် သမျှားကျေးရွာကြားတွင် အရပ်ဝတ်ဖြင့် ဆိုင်ကယ်နှင့် သွားလာနေသော နတ်မောက်မြို့နယ်အတွင်းရှိ အမှတ်(၂) ပင်မဆက်သွယ်ရေးတပ်မှ ဗိုလ်မှူးဘစိုင်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၃)ရက်နေ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပူးပေါင်းတပ်ဖွဲ့များက စောင့်ဆိုင်းနေစဉ် အရပ်ဝတ်ဖြင့် ဆိုင်ကယ်နှင့်လာသည့် ဗိုလ်မှူးဘစိုင်းအား တားဆီးစစ်ဆေး‌ရာ ဖုန်းဒေတာအ ချက်အလက်များတွေ့ရှိခဲ့ပြီး ၎င်းကိုယ်တိုင်လည်း ဝန်ခံခဲ့သည်ဟု ဆိုသည်။

အဆိုပါ စစ်ဆင်ရေးအား ငပြေမပြောက်ကျားတပ်ဖွဲ့၊ နတ်မောက်မြို့နယ် ပကဖ၊ Aung Sand's Land၊ ကျားသစ်နက်တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency