တာချီလိတ်မြို့တွင်း လမ်းကြားအချို့တွင် တပ်နှင့်ရဲ ပေါင်းစစ်နေ

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း အားကစားရုံရှေ့ စစ်ဆေးနေစဉ် [ 13.1.2022 ]
တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း အားကစားရုံရှေ့ စစ်ဆေးနေစဉ် [ 13.1.2022 ]
တာချီလိတ်မြို့တွင်း လမ်းကြားအချို့တွင် တပ်နှင့်ရဲ ပေါင်းစစ်နေ
ဇန်နဝါရီ 13, 2022 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဇန်ဝါရီလ(၁၃)ရက်နေ့ နံနက်ပိုင်းက စတင်ပြီး နေ့လည်ပိုင်းအထိ မြို့တွင်း အချို့သော လမ်းကြိုလမ်းကြားများတွင် စစ်တပ်နှင့်ရဲ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေပြီး ကား/ဆိုင်ကယ်များ၊ ယာဉ်ပေါ်ပါ လူများကို စစ်ဆေး နေကြောင်း သိရသည်။

ဝမ်ကောင်းရပ်ကွက်၊ အားခေရွာသွားလမ်း နဲ့ ဘုရင့်နောင်ဈေးဖက်လာတဲ့ လမ်းဆုံမှာ စစ်နေတယ်။ စစ်ကား၊ ဟိုင်းလပ်ကား (၂)စီး နဲ့ စစ်သားနဲ့ရေား (၁၀)ယောက်ကျော်တယ် စစ်ဆေးနေတာ တွေ့ခဲ့တယ်

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ယနေ့ နေ့လည်(၁၂)နာရီ အချိန်က ပြောသည်။

အလားတူ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း အားကစားရုံရှေ့ လမ်းတစ်လျှောက်၊ မီးပွိုင့်လမ်းဆုံ၊ မီးသတ်လမ်းကြား စသည့်နေရာများတွင်လည်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရသည်။

အားကစားရုံနားမှာ ဖုန်းတွေပါ စစ်တာ။ အပြင်ထွက်ရင်တော့ သတိထားကြဖို့လိုတယ်။ တခြား လမ်းကြားတွေမှာ စစ်နေတာလည်း တွေ့ခဲ့တယ်

ဟု ဒေသခံ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် (၃)ရက်ဆက်တိုက် ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့် ကိစ္စနှင့် ပတ်သက်၍   စစ်တပ်နှင့်ရဲတို့က အပြစ်မဲ့ လူငယ် အများအပြားကို ဖမ်းဆီးထားပြီး မြို့တွင်း ရပ်ကွက်များအတွင်းထိ ပိုက်စိပ်တိုက် စစ်ဆေးမှုမျိုးကို ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၃)ရက်နေ့ နံနက်ပိုင်းက စ၍ စတင်နေပြီး စစ်ဆေးမှုအတွင်း ထွက်ပြေးပါက ပစ်မိန့်ပါ ပေးထားသည်ဟုလည်း သိရသည်။

 

ဆက်စပ်သတင်း

တာချီလိတ်မြို့တွင် ဖမ်းဆီး စစ်ဆေးခံနေရသူ များပြားနေပြီး စစ်ဆေးမှုအတွင်း ထွက်ပြေးပါက ပစ်မိန့်ပေးထား