တာချီလိတ်မြို့ရှိ ကျားဖြန့်လုပ်ငန်းအချို့ကနေ ဖမ်းမိထားသည့် အထောက်အထားမဲ့ တရုတ်နိုင်ငံသား(၄၇၀)ကျော်ကို တရုတ်အစိုးရထံ လွှဲပြောင်းပေးရန် ကျိုင်းတုံသို့ ပို့ဆောင်

တာချီလိတ်မြို့ရှိ ကျားဖြန့်လုပ်ငန်းအချို့ကနေ ဖမ်းမိထားသည့် အထောက်အထားမဲ့ တရုတ်နိုင်ငံသား(၄၇၀)ကျော်ကို တရုတ်အစိုးရထံ လွှဲပြောင်းပေးရန် ကျိုင်းတုံသို့ ပို့ဆောင်
ဖေဖော်ဝါရီ 21, 2024 | ရှမ်းရှေ့

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ  ကျားဖြန့် လုပ်ငန်းများအနက် အချို့နေရာကနေ သည့် အထောက်အထားမဲ့ တရုတ်နိုင်ငံသားများစွာထဲက (၄၇၀)ကျော်ကို တရုတ်အစိုးရထံ မိုင်းလားကနေ လွှဲပြောင်းနိုင်ရေးအတွက် ကျိုင်းတုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည်များထဲက တရုတ်နိုင်ငံသားများစွာထဲက (၄၇၀)ကျော်ကို ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့ ကနေ ကျိုင်းတုံမြို့သို့ ပို့ဆောင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

"ဒီမနက်က မိုင်းကိုးဘက်မှာ (၁၀)ဘီးကား (၅)စီးလောက်နဲ့ အရပ်သား လူငယ်တွေ အပြည့်တင်သွားတာ တွေ့လိုက်ရတယ်။ (၁၀)ဘီးကားကိုမှ အနောက်က သံဇကာပိတ်ထားတာ။ ကျိုင်းတုံဘက်ကို သွားတာ။"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ် ဇန်နဝါရီလ၏ နောက်ဆုံးပတ်ကနေ ဖေဖော်ဝါရီလ၏ ပထမပတ်အတွင်း တာချီလိတ်မြို့ရှိ ကျားဖြန့် လုပ်ငန်းများအနက် အချို့နေရာများကနေ ဖမ်းဆီးရမိသည့် အထောက်အထားမဲ့ တရုတ်နိုင်ငံသား အများအပြားထဲက အဓိက တာဝန်ရှိပြီး ငွေရှိသူများကို တာချီလိတ်ဒေသခံမဟုတ်သည့် စစ်ထွက်နှင့် ပြည်သူ့စစ်ခေါင်းဆောင် အချို့တို့က စစ်တပ်နှင့်ရဲတို့ဖြင့် ကြားပွဲစားပြုလုပ်ပြီး တရုတ်နိုင်ငံသား တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၃)သိန်း၊ (၅)သိန်း နှင့် (၁၀)သိန်း အမျိုးမျိုး သတ်မှတ်ကာ ငွေကြေးရယူပြီး ပြန်လည်လွှတ်ပေးခြင်း နှင့် လူစားထိုးခြင်းများကို ပြုလုပ်မှုများလည်းရှိကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်များထံက သိရသည်။