တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရသူ (၃၇)ဦး ထပ်တိုး

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရသူ (၃၇)ဦး ထပ်တိုး
ဇူလိုင် 29, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၂၉)ရက်နေ့ နေ့လည်(၁)နာရီအထိ စစ်ဆေးချက်များအရ Covid-19 ကူးစက်ခံရသူ (၃၇)ဦး ထပ်တိုးကြောင်း သိရသည်။

ယနေ့ နေ့လည်အထိ ထပ်တိုးသည့် (၃၇)ဦး အပါအဝင် တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလတွင် ရက်ပေါင်း (၃၂)ရက်အတွင်း Covid-19 ကူးစက်ခံရသူ (၁၂၀၀)နီးပါးအထိရှိနေပြီး သေဆုံးသူမှာ (၆)ဦးအထိ ရှိကာ ဆေးရုံဆင်းသူမှာ (၅၀၀)ဝန်းကျင်အထိ ရှိနေသည်။