အိန္ဒိယမှ ပြန်လာသူ (၃) ဦးတွင် အိုမီခရွန်ပိုးတွေ့ရှိ

အိန္ဒိယမှ ပြန်လာသူ (၃) ဦးတွင် အိုမီခရွန်ပိုးတွေ့ရှိ
ဇန်နဝါရီ 11, 2022 | Covid-19

အိန္ဒိယမှ ပြန်လာသူ (၃) ဦးတွင် အိုမီခရွန်ပိုးကူးစက်နေသည်ကို တွေ့ရသည်ကို အာဏာသိမ်းစစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်ကို တွေ့ရသည်။

UAE မှ ပြန်လာသူ (၈)ဦး၊ မလေးရှားမှ ပြန်လာသူ (၃)ဦးနှင့် အိန္ဒိယမှ ပြန်လာသူ (၁)ဦး စုစုပေါင်း (၁၂)ဦးတွင် အိုမီခရွန်တွေ့ရသည်ဟု ဇန်နဝါရီလ (၇)ရက်နေ့ကလည်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့ကလည်း ယူအေအီးနိုင်ငံမှ ပြန်လာသည့် မြန်မာ (၄) ဦးတွင် အိုမီခရွန်ကူးစက်နေသည်ကို တွေ့ရကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက COVID 19 ထိန်းချုပ်ရေးအတွက် ပြည်ပမှ ပြန်ဝင်လာသူများအား ဟိုတယ် quarantine နေထိုင်ရန် သတ်မှတ်ထားသည်ဟုဆိုသော်လည်း သက်ဆိုင်ရာများကို ငွေကြေးပေးညှိနှိုင်း၍ quarantine မနေဘဲနေထိုင်သူအများအပြားရှိသည်ဟု ရန်ကုန်အသိုင်းအဝိုင်းမှ သိရသည်။