ရှမ်းပြည်နယ်အတွင်း မြို့နယ်များအလိုက် COVID -19 ကာကွယ် ကုသရေးအဖွဲ့များကို ပြင်ပ ပညာရှင်များပါ ဖိတ်ခေါ်ဖွဲ့စည်းမည်

ရှမ်းပြည်နယ်အတွင်း မြို့နယ်များအလိုက် COVID -19 ကာကွယ် ကုသရေးအဖွဲ့များကို ပြင်ပ ပညာရှင်များပါ ဖိတ်ခေါ်ဖွဲ့စည်းမည်
မတ် 24, 2020
By Tachileik News Agency

ရှမ်းပြည်နယ်အတွင်း မြို့နယ်များအလိုက် COVID -19 ကာကွယ် ကုသရေးအဖွဲ့များကို ပြင်ပ ပညာရှင်များပါ ဖိတ်ခေါ်ဖွဲ့စည်းမည်

ရှမ်းပြည်နယ်အတွင်း မြို့နယ်များအလိုက် COVID -19 ကာကွယ် ကုသရေးအဖွဲ့များကို ပြင်ပ ပညာရှင်များပါ ဖိတ်ခေါ်ဖွဲ့စည်းထားမည်ဖြစ်ပြီး ရောဂါကာကွယ်ရေး ညွှန်ကြားချက်များအတိုင်း တိတိကျကျ လိုက်နာရေးကို ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ကော်မတီများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 သက်ဆိုင်ရာဌာနက ထုတ်ပြန်ထားတဲ့ COVID 19 ကာကွယ်ရေး ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာ ဆောင်ရွက်ဖို့နဲ့ မလိုက်နာရင် ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်ဖို့ လုပ်သွားမယ်။ လက်ရှိဆောင်ရွက်နေတဲ့ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွေကိုလည်း အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားမယ်။ ကုသရေးအဖွဲ့ကို မြို့နယ်အလိုက် ပြင်ပပညာရှင်တွေ ဖိတ်ခေါ်ပြီး ကြိုတင်ဖွဲ့စည်းဆောင်ရွက်ဖို့ပေါ့။ ဆိုလိုတာကတော့ မြို့နယ်တွေမှာ တစ်ချို့ ဆရာဝန် မလုံလောက်တာတွေ ရှိတယ်။ ပုဂ္ဂလိကမှာလုပ်နေတဲ့ NGO မှာ INGO မှာလုပ်နေတဲ့ ဆရာဝန်ရှိတော့ ဖိတ်ခေါ်ပြီး ကြိုတင်ဖွဲ့ထားဖို့ လုပ်သွားပါမယ်

ဟု  ပြည်နယ်အဆင့် အဆုတ်ရောင်ရောဂါ 2019 Novel Coronavirus (2019 – n Cov) စောင့်ကြည့် စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌဖြစ်သူ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အတွင်းမှ ပူးပေါင်းကူညီလိုသည့် ကျန်းမာရေးနယ်ပယ်အသီးသီးမှ ပညာရှင်များ၊ ကျန်းမာရေးနယ်ပယ်အသီးသီးမှ ကျောင်းဆင်းလူငယ်များအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ချိတ်ဆက်နိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ဆရာဝန်တွေတင်မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ကျန်းမာရေးမှူး အသင်းတွေရှိတယ်။ သူနာပြုနဲ့သားဖွားအသင်းတွေရှိတယ်။ INGO၊ NGO၊ CBO တွေ နောက်ဖြစ်နိုင်လို့ရှိရင် ကျောင်းပြီးထားတယ်၊ ကျောင်းပိတ်ထားတယ်။ ဆေးကျောင်းတက်နေတဲ့သူပဲဖြစ်ဖြစ်၊ သူနာပြုသင်တန်းကျောင်းတက်နေတဲ့သူပဲဖြစ်ဖြစ်၊ ကျောင်းပြီး အလုပ်မဝင်သေးသူပဲဖြစ်ဖြစ် ကျွန်တော်တို့နဲ့ ဆက်သွယ်ပါ။ လက်တွဲဆောင်ရွက်သွားဖို့ ကျွန်တော်တို့က ဖိတ်ခေါ်ပါတယ်။ လက်ကမ်းကြိုဆိုလျှက်ပါ။ ဆက်သွယ်မယ်ဆိုရင် အဆင့်ဆင့်တင်ပြဖို့ မလိုပါဘူး။ မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် ဆောင်ရွက်သွားနိုင်ဖို့ သက်ဆိုင်ရာအဆင့်အသီးသီးကို လုပ်ပိုင်ခွင့်ပေးထားပြီးသားပါ

ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်နယ်အဆင့် အဆုတ်ရောင်ရောဂါ 2019 Novel Coronavirus (2019 – n Cov) စောင့်ကြည့် စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို ၂၀၂၀ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့က ကျင်းပခဲ့ပြီး ရောဂါကာကွယ်၊ ထိန်းချုပ်ရေး အချက်(၁၀)ချက် ဆွေးနွေးဆုံးဖြတ်နိုင်ခဲ့ကာ လက်ရှိကော်မတီကိုလည်း COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖြစ် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်များအထိ ပြင်ဆင်ပြောင်းလဲ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖြစ် ပြည်ထောင်စုအဆင့်မှာတော့ ဖွဲ့လိုက်တော့ ဗဟိုကော်မတီနဲ့ ဆက်စပ်အောင် လုပ်ငန်းကော်မတီဖွဲ့မယ်။ ရှမ်းမှာတော့ ရှမ်းတောင်၊ ရှမ်းရှေ့၊ ရှမ်းမြောက်ဆိုပြီး ဖွဲ့မယ်။ အဲဒီကမှ ခရိုင်အဆင့်၊ မြို့နယ်ဆင့်တွေ အဆင့်ဆင့်ဖွဲ့မယ်။ နောက် ရန်ပုံငွေလက်ခံကြီးကြပ်ရေးကော်မတီကိုလည်း ပြည်နယ်အဆင့်မှာ စီမံဘဏ္ဍာဝန်ကြီးက ဦးဆောင်ပြီး ဖွဲ့မယ်။ ရှမ်းရှေ့၊ ရှမ်းတောင်၊ ရှမ်းမြောက်ဆိုပြီးဖွဲ့မယ်။ အဲဒီအဖွဲ့မှာ ကျန်းမာရေးနဲ့ ထွေအုပ်ကပါဝင်ဖွဲ့စည်းမယ်။ လှူတာလည်း လက်ခံမယ်။ စနစ်တကျလည်း ပြန်သုံးမယ်

ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။

COVID 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ကူညီဆောင်ရွက်လိုသည့် ဆရာဝန်များကို မြန်မာနိုင်ငံဆရာဝန်အသင်းကလည်း ၂၀၂၀ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့ နေ့စွဲဖြင့် ဖိတ်ခေါ်ချက်တစ်စောင် ထုတ်ပြန်ထားပြီး ပူးပေါင်းကူညီလိုသည့် ဆရာဝန်များအနေဖြင့် မြန်မာနိုင်ငံဆရာဝန်အသင်း (ရန်ကုန်တိုင်းဒေသကြီး) အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဝင်းဇော် ဖုန်း )9 5007838 နှင့် ဦးသောင်းညွန့် ဖုန်း 09 553902458 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~