Stay at home ဒေသမှ stay at home မသတ်မှတ်ထားသည့် ဒေသသို့ လေကြောင်းခရီးစီးနင်းမည့်သူများ ထွက်ခွာရာမြို့နှင့် ဆိုက်ရောက်မြို့တို့၌ COVID 19 စစ်ဆေးရမည်

Stay at home ဒေသမှ stay at home မသတ်မှတ်ထားသည့် ဒေသသို့ လေကြောင်းခရီးစီးနင်းမည့်သူများ ထွက်ခွာရာမြို့နှင့် ဆိုက်ရောက်မြို့တို့၌ COVID 19 စစ်ဆေးရမည်
ဒီဇင်ဘာ 14, 2020
By Tachileik News Agency
Stay at home ဒေသမှ stay at home မသတ်မှတ်ထားသည့် ဒေသသို့ လေကြောင်းခရီးစီးနင်းမည့်သူများ ထွက်ခွာရာမြို့နှင့် ဆိုက်ရောက်မြို့တို့၌ COVID 19 စစ်ဆေးရမည်
stay at home သတ်မှတ်ထားသည့်ဒေသများမှ အခြား stay at home မသတ်မှတ်သည့်ဒေသသို့  ပြည်တွင်းလေကြောင်းခရီးစဉ် စီးနင်းမည့် ခရီးသည်များအနေဖြင့် ထွက်ခွာမည့်မြို့နှင့် ဆိုက်ရောက်သည့်မြို့တို့တွင် COVID 19 စစ်ဆေးမှုကို နှစ်ကြိမ်ကို မိမိစရိတ်ဖြင့် စစ်ဆေးရမည်ဖြစ်သည်။
“လေယာဉ်လက်မှတ်ဝယ်ပြီးတာနဲ့ ကိုယ်သွားမယ့်မြို့မှာ quarantine ဝင်ဖို့နေရာရှိ၊ မရှိ သက်ဆိုင်ရာဌာနကို အရင်စုံစမ်းရမယ်။ အဲဒီမှာ facility quarantine နေရာရှိလား ဒါမှမဟုတ် hotel quarantine နေရာရှိလား စုံစမ်းရမယ်။ ပြီးရင် လေယာဉ်လက်မှတ်ပြပြီး ကျန်းမာရေးဌာနမှာ သွားစစ်ရမယ်။ RDT နဲ့ စစ်ပေးမယ်။ အဲဒီခရီးသည်က ဆိုက်ရောက်မြို့မှာ ဘယ်မှာ quarantine ဝင်ပါမယ်ဆိုတာ လေကြောင်းလိုင်းက ကျွန်တော်တို့ဆီကို စာရင်းကြိုပို့ထားရမယ်။ ခရီးသည်က ဒီရောက်လာပြီးမှ ဘယ်မှာ quarantine ဝင်ရမှန်းမသိဘူး မဖြစ်ရဘူး။ facility quarantine နဲ့ hotel quarantine ကိုပဲ ခွင့်ပြုတယ်”ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ(၁၄)ရက်နေ့တွင် ပြောသည်။
Stay at home သတ်မှတ်ထားသည့်ဒေသများမှ stay at home သတ်မှတ်ထားခြင်း မရှိသည့်ဒေသများသို့ သွားမည့် ခရီးသည်များအနေဖြင့် လေယာဉ်မစီးနင်းမီ (၃၆) နာရီအတွင်း ကျန်းမာရေးဌာနသို့ လေယာဉ်လက်မှတ်ပြ၍ RDT ဖြင့် COVID 19 စစ်ဆေးရမည်ဖြစ်ပြီး စစ်ဆေးခ ကျပ် (၁၀,၀၀၀) ကျသင့်မည်ဖြစ်သည်။
ယင်းအပြင် မိမိသွားမည့်ဒေသ၌ quarantine ဝင်ရမည့်နေရာကို လေဆိပ် check in ဝင်သည့်အချိန်၌ ဖြည့်ရမည်ဖြစ်ပြီး မိမိစရိတ်ဖြင့် facility quarantine သို့မဟုတ် hotel quarantine ဝင်ပြီး ဒုတိယအကြိမ် COVID 19 စစ်ဆေးမှုထပ်မံပြုလုပ်ရမည်ဖြစ်သည်။
“stay at home ကနေ non stay at home ဒေသကို သွားတဲ့သူတွေဆိုရင် ရောက်တဲ့မြို့မှာ quarantine ဝင်ပြီး အကယ်၍ PCR နဲ့ စစ်မယ်ဆိုရင် (၃)ရက်မြောက်နေ့မှာ swab ယူမယ်။ ဓာတ်ခွဲအဖြေရတဲ့နေ့အထိ စောင့်ရမယ်။ RDT နဲ့ စစ်မယ်ဆိုရင် (၇) ရက်မြောက်နေ့မှာ စစ်ပေးမယ်။"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ခရီးသည်များအနေဖြင့် COVID 19 စစ်ဆေးမှုအတွက် ကုန်ကျစရိတ်ကို ပေးသွင်းရမည်ဖြစ်ပြီး RDT ဖြင့် စစ်ဆေးပါက ကျပ် (၁၀,၀၀၀)နှင့် PCR ဖြင့် စစ်ဆေးပါက ကျပ် (၃၅,၀၀၀) ပေးသွင်းရမည်ဖြစ်သည်။
နိုင်ငံတွင်း COVID 19 ကူးစက်မှုလျော့ကျလာခြင်းမရှိသေးသော်လည်း ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်များအား ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့မှစ၍ COVID 19 ကာကွယ်ရေး စံသတ်မှတ်ချက်များဖြင့် ပြန်လည်ပြေးဆွဲခွင့်ပြုထားခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~