တာချီလိတ်တွင် Quarantine ထားရှိသည့် ထိုင်းနိုင်ငံမှ နေရပ်ပြန် အမျိုးသမီး (၂)ဦး၏ ဓါတ်ခွဲအဖြေ COVID 19 မတွေ့ရ

တာချီလိတ်တွင် Quarantine ထားရှိသည့် ထိုင်းနိုင်ငံမှ နေရပ်ပြန် အမျိုးသမီး (၂)ဦး၏ ဓါတ်ခွဲအဖြေ COVID 19 မတွေ့ရ
ဧပြီ 9, 2020
By Tachileik News Agency
တာချီလိတ်တွင် Quarantine ထားရှိသည့် ထိုင်းနိုင်ငံမှ နေရပ်ပြန် အမျိုးသမီး (၂)ဦး၏ ဓါတ်ခွဲအဖြေ COVID 19 မတွေ့ရ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်တွင် (၁၄)ရက် Quarantine ထားသည့် ထိုင်းနိုင်ငံမှ နေရပ်ပြန် (၁၉၉)ဉီး အနက်မှ စောင့်ကြည့်လူနာ(၂) ဦးတွင် COVID 19 မတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ (၉)ရက်နေ့တွင် ဓါတ်ခွဲအဖြေရလာပြီဖြစ်သည်။

Quarantine က စောင့်ကြည့်လူနာ (၂)ယောက်လုံး Negative ပါ

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ဆေးရုံတွင် လက်ရှိအချိန်ထိ စောင့်ကြည့်လူနာအားလုံး၌ ပိုးမတွေ့ရကြောင်း ဓါတ်ခွဲအဖြေရထားပြီး ဧပြီလ (၉)ရက်နေ့ ညပိုင်းအထိ ဓါတ်ခွဲအဖြေစောင့်လူနာ မရှိတော့ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ နေရပ်ပြန်လာကြသူ (၁၉၉)ဦးကို ဧပြီလ (၆)ရက်နေ့ကစ၍ တာချီလိတ်မြို့ရှိ မိုးကုတ်ဝိပဿနာရိပ်သာတွင် (၁၄)ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်း (၄၀) ဝန်းကျင်ဖြင့် ကူညီပေးနေကြခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~