တာချီလိတ်မှ ဒုတိယမြောက် အတည်ပြုလူနာနှင့် ထိတွေ့သူ လတ်တလောတွင် (၂၀၀) ကျော်ကို တာချီလိတ်နှင့် ကျိုင်းတုံတွင် တွေ့ရှိတာချီလိတ်မှ ဒုတိယမြောက် အတည်ပြုလူနာနှင့် ထိတွေ့သူ လတ်တလောတွင် (၂၀၀) ကျော်ကို တာချီလိတ်နှင့် ကျိုင်းတုံတွင် တွေ့ရှိ

တာချီလိတ်မှ ဒုတိယမြောက် အတည်ပြုလူနာနှင့် ထိတွေ့သူ လတ်တလောတွင် (၂၀၀) ကျော်ကို တာချီလိတ်နှင့် ကျိုင်းတုံတွင် တွေ့ရှိတာချီလိတ်မှ ဒုတိယမြောက် အတည်ပြုလူနာနှင့် ထိတွေ့သူ လတ်တလောတွင် (၂၀၀) ကျော်ကို တာချီလိတ်နှင့် ကျိုင်းတုံတွင် တွေ့ရှိ
ဧပြီ 21, 2020
By Tachileik News Agency
တာချီလိတ်မှ ဒုတိယမြောက် အတည်ပြုလူနာနှင့် ထိတွေ့သူ လတ်တလောတွင် (၂၀၀) ကျော်ကို တာချီလိတ်နှင့် ကျိုင်းတုံတွင် တွေ့ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ ဒုတိယမြောက်အတည်ပြုလူနာ (Case 112) ဖြစ်သူ ကျန်းမာရေးဝန်ထမ်းနှင့် ထိတွေ့မှုရှိသူပေါင်း (၂၁၂) ဦးကို ကျိုင်းတုံနှင့် တာချီလိတ်တွင် Quarantine ထားရှိမည်ဖြစ်ပြီး ယင်းတို့အနက် (၃၄)ဦးကို ဓါတ်ခွဲနမူနာရယူစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးဝန်ထမ်းနှင့် ထိတွေ့မှုရှိခဲ့သည့် တာချီလိတ်မြို့ ပြည်သူ့ဆေးရုံနှင့် ပြင်ပဆေးခန်းမှ ကျန်းမာရေးဝန်ထမ်းများ၊ လူနာများ၊ မိသားစုဝင်များ စုစုပေါင်း လတ်တလောတွင် (၁၃၁) ဦးနှင့် ကျိုင်းတုံမြို့ နာရေးမှ (၈၁)ဦး စုစုပေါင်း (၂၁၂)ဦးကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၁)ရက်နေ့တွင် စာရင်းရရှိထားခြင်းဖြစ်သည်။

သူက (၉) ရက်နေ့ကနေ (၁၂)ရက်နေ့အထိ ဂျူတီဆင်းတဲ့အတွက် အဲဒီနေ့က အတူတာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတွေရယ်၊ အတွင်းလူနာတွေရယ်ရှိမယ်။ နောက်ပြင်ပဆေးခန်းမှာ (၁၀)ရက်၊ (၁၁)ရက် နှစ်ရက်သွားထားတာဆိုတော့ အဲဒီနေ့က ဆေးခန်းလာတဲ့သူတွေရှိမယ်။ သူ့မိသားစုမှာ သူ့အမျိုးသားရှိမယ်။ အဲ့ဒီစာရင်းတွေတော့ ရထားပြီ။ သူကျိုင်းတုံကိုလာတဲ့ ရွာကိုတော့ Lock Down ချမယ်။ တာချီလိတ်ကလည်း Facilities Quarantine ထားမယ်လို့ သိရတယ်

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၂၁)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မှ အတည်ပြုလူနာ (Case 112) သည် ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်၍ ဧပြီလ (၉)ရက်နေ့မှ ဧပြီလ (၁၂)ရက်နေ့အထိ ဆေးရုံကြီးတွင် တာဝန်ကျရာ အဆိုပါ (၃)ရက်အတွင်း တာဝန်ကျ ကျန်းမာရေးဝန်ထမ်း (၉) ဦးနှင့်  (၃)ရက်အတွင်း ထိတွေ့ခဲ့သည့် အတွင်းလူနာ (၂၇)ဦး၊  ပြင်ပဆေးခန်းတွင် အလုပ်လုပ်ခဲ့သည့် ဧပြီလ (၁၀)ရက်နှင့် (၁၁)ရက်နေ့များတွင် ထိတွေ့ခဲ့သူလူနာ (၉၁)ဦး၊ ကျန်းမာရေးဝန်ထမ်း၏ မိသားစုဝင် (၄)ဦး၊ ကျိုင်းတုံမြို့ ယန်းလောကျေးရွာတွင် နာရေးသွားခဲ့စဉ်က အနီးကပ်ထိတွေ့သူ (၂၄)ဦးနှင့် နာရေးလာသူ (၅၇)ဦးတို့ကို Quarantine ထားရှိပြီး ကျန်းမာရေးအခြေအနေ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အတည်ပြုလူနာအား အသွားအလာကန့်သတ်ခြင်း မပြုမီ ဧပြီလ (၁၃)ရက်နေ့က ကျိုင်းတုံမြို့ ယန်းလူးကျေးရွာသို့ နာရေးတစ်ခုသွားခဲ့ရာ ထိတွေ့ခဲ့သူ (၈၁) ဦးအထိရှိသဖြင့် အဆိုပါကျေးရွာကို Lock Down ချထားရန်စီစဉ်နေကြောင်းလည်း သိရသည်။

ဓာတ်ခွဲအတည်ပြု လူနာ ရောဂါလက္ခဏာမပြမီ (၂)ရက်နှင့် ရောဂါလက္ခဏာပြပြီး (၁၄)ရက်အတွင်း အနီးကပ်ထိတွေ့သူ အိမ်သားများနှင့် ၎င်းတို့ တည်းခိုနေထိုင်ခဲ့ရာနေရာများ၊ လုပ်ငန်းအတူဆောင်ရွက်ခဲ့သူများ၊ အနီးကပ်ထိတွေ့သူများ၊ ခရီးစဉ်အတွင်း အတူတကွသွားရောက်ခဲ့သူများအား နေအိမ်တွင်တိကျစွာ အသွားအလာကန့်သတ်ခြင်း (Strict home quarantine) ပြုလုပ်ထားရှိ၍ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ဆောင်ရခြင်းဖြစ်ရာ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများရှိပါက ကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ် အကြောင်းကြားရန်လိုအပ်မည်ဖြစ်သည်။

Tachileik News Agency
သတင်း ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~