တာချီလိတ်သို့ ရန်ကုန် နှင့် ရခိုင်အပြင် မြင်းခြံမြို့မှ ကားနှင့်လေယာဉ်တို့ဖြင့် လာသူအားလုံး Quarantine သတ်မှတ်မည်

တာချီလိတ်သို့ ရန်ကုန် နှင့် ရခိုင်အပြင် မြင်းခြံမြို့မှ ကားနှင့်လေယာဉ်တို့ဖြင့် လာသူအားလုံး Quarantine သတ်မှတ်မည်
စက်တင်ဘာ 6, 2020
By Tachileik News Agency
တာချီလိတ်သို့ ရန်ကုန် နှင့် ရခိုင်အပြင် မြင်းခြံမြို့မှ  ကားနှင့်လေယာဉ်တို့ဖြင့် လာသူအားလုံး Quarantine သတ်မှတ်မည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ရန်ကုန်နှင့် ရခိုင်ပြည်နယ်မှ လာသူများကို Quarantine ထားရှိနေရာမှ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့မှစပြီး မြင်းခြံမြို့ကိုပါ ထပ်တိုးသတ်မှတ်လိုက်သည်။
"ရန်ကုန်ကဖြစ်ဖြစ်၊ ရခိုင်ကဖြစ်ဖြစ်၊ မြင်းခြံကဖြစ်ဖြစ် လာတဲ့သူတွေ quarantine (၁၄) ရက်ဝင်ရင် ကိုယ့်စားရိတ်နဲ့ကိုယ် အစအဆုံးကျခံရမှာဖြစ်ပါတယ်။ ကျွန်တော်တို့က နေစရာနေရာပဲ လတ်တလော ရှာပေးမှာဖြစ်ပါတယ်။ နေစရာနေရာကလည်း ကြာလာလို့ လူများလာလို့အခက်အခဲဖြစ်လာရင် ထားဖို့ ဟိုတယ်အသင်းနဲ့ ချိတ်ဆက်ထားပါတယ်။ ဟိုတယ်တစ်လုံးယူပြီးရင် ဟိုတယ်မှာနေတဲ့ နေစရိတ်ပါ ပေးချေရမှာဖြစ်ပါတယ်။ လက်ရှိနေရာက လုံလောက်နေသေးတယ်။ ကျွန်တော်တို့ဆီက နေရာပြည့်သွားရင်တော့ ဟိုတယ် quarantine ထားရှိသွားမှာဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့သို့ လေကြောင်းဖြင့် ဝင်လာသူမျာအား လေဆိပ်တွင် ကျန်းမာရေးဝန်ထမ်းများက  ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင် ကောက်ယူခြင်းများ လုပ်ဆောင်နေပြီး မြို့အဝင်ဖြစ်သည့် မယ်ယန်းဂိတ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများက လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ၂၀၂၀ ခုနှစ် သြဂုတ်လ (၃၀) ရက်နေ့မှစတင်ပြီး မြို့တွင်းဝင်လာသူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်တမ်းကောက်ယူမှုများလုပ်ဆောင်နေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~