တာချီလိတ်မြို့တွင် ဗုံးပေါက်ကွဲပြီးနောက် တာဝေမီးစက် လမ်းဆုံတွင် ကား/ဆိုင်ကယ်များကို စစ်ဆေးနေ

တာချီလိတ်မြို့တွင် ဗုံးပေါက်ကွဲပြီးနောက် တာဝေမီးစက် လမ်းဆုံတွင် ကား/ဆိုင်ကယ်များကို စစ်ဆေးနေ
ဇန်နဝါရီ 9, 2022 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် အောင်မြတ်ခန်းမ ဝန်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မြို့တွင်းနေရာများတွင် စစ်ဆေးပြီးနောက် ညနေပိုင်း၌ တာဝေမီးစက်လမ်းဆုံတွင် ကား/ဆိုင်ကယ်များကို စစ်ဆေးနေကြောင်း သိရသည်။

ရဲ မပါဘူး စစ်သားပဲ (၇)ယောက် စစ်နေတယ်။ ဘယ်သွားမလဲ မေးတယ်။

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ညနေ(၄)နာရီအချိန်တွင် ပြောသည်။

ဆိုင်ကယ်မောင်းလာသူများကိုလည်း ဆိုင်ကယ် ဖင်ထိုင်ခုံဖွင့်၍ စစ်ဆေးခြင်း၊ မည်သည့်နေရာသို့ သွားမည့်အကြောင်းများ မေးမြန်းခြင်း လုပ်ဆောင်သည်ဟု သိရသည်။

တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၉)ရက်နေ့ နေ့ခင်း (၁၁)နာရီ(၄၇)မိနစ်အချိန်က ရှမ်းပြည်နယ် စကစ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း အခမ်းအနား တက်ရောက်အပြီး  ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။  

 ရှမ်းပြည်နယ် စကစ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်ပြည်နယ်ဝန်ကြီးများအဖွဲ့သည် တာချီလိတ်မှ တဆင့် ထွက်ခွာသွားကြပြီဟု သိရသည်။

တာချီလိတ်မြို့တွင် ဇန်နဝါရီလ(၈)ရက်နေ့ ညပိုင်းနှင့် ဇန်နဝါရီလ(၉)ရက်နေ့ နေ့ခင်းပိုင်းတို့တွင် ဗုံး(၂)ကြိမ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

 

ဆက်စပ်သတင်း

တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင်  ရှမ်းပြည်နယ် စကစ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း အခမ်းအနား တက်ရောက်အပြီး  ဗုံးပေါက်ကွဲ