မြန်မာနိုင်ငံအတွင်း ဝင်ရောက်လည်ပတ်ခဲ့သည့် ဆိုင်ကယ်စီး မလေးရှားနိုင်ငံသား ခရီးသွားအဖွဲ့ တာချီလိတ်မှတဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်သို့ ထွက်ခွာ

မြန်မာနိုင်ငံအတွင်း ဝင်ရောက်လည်ပတ်ခဲ့သည့် ဆိုင်ကယ်စီး မလေးရှားနိုင်ငံသား ခရီးသွားအဖွဲ့ တာချီလိတ်မှတဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်သို့ ထွက်ခွာ
ဇန်နဝါရီ 31, 2020
By Tachileik News Agency

မြန်မာနိုင်ငံအတွင်း ဝင်ရောက်လည်ပတ်ခဲ့သည့် ဆိုင်ကယ်စီး မလေးရှားနိုင်ငံသား ခရီးသွားအဖွဲ့ တာချီလိတ်မှတဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်သို့ ထွက်ခွာ 

မြန်မာနိုင်ငံအတွင်း ဆိုင်ကယ်များဖြင့် ဝင်ရောက်လည်ပတ်ခဲ့သည့် မ‌လေးရှားနိုင်ငံသား (၁၄)ဦး ပါဝင်သော ဆိုင်ကယ်စီးအဖွဲ့သည် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့ နေ့လည်ပိုင်းက တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားမှတဆင့် ဆိုင်ကယ် (၁၄) စီးဖြင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံသား (၁၄) ဦးအဖွဲ့သည့် မြန်မာ-ထိုင်းနယ်စပ်ဖြစ်သည့် မြဝတီသို့ မဲဆောက်က တဆင့် ဝင်ရောက်လာခြင်း ဖြစ်ပြီး မြဝတီ၊ ကျိုက်ထီးရိုး၊ နေပြည်တော်၊ မန္တလေး၊ အင်းလေး၊ နမ့်စန်၊ ကျိုင်းတုံ၊ တာချီလိတ်မြို့များသို့ (၇) ရက်ကြာလည်ပတ်ခဲ့ပြီး  တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားမှ ပြန်လည်ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။

တာချီလိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ဝင်ပေါက် ထွက်ပေါက်ဖြစ်သော မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားမှ ဝင်ထွက် သွားလာနေသည့် နိုင်ငံခြားသားခရီးသွားများအား လိုအပ်သည့်ပံ့ပိုးမှုရရှိနိုင်ရေးအတွက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့၏ တပ်ဖွဲ့စု(၁၄)တာချီလိတ်မှ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ လိုအပ်သည်များကို စိစစ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ထို့အတူ ဇန်နဝါရီလ(၃၁)ရက်နေ့ နေ့လည်ပိုင်းက ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တဆင့် ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် ဂျာမနီနိုင်ငံသား (၂)ဦးသည် တာချီလိတ်မှ တဆင့် ကျိုင်းတုံ၊ နမ့်စန်၊ ညောင်ရွှေ၊ ပင်းတယ၊ အမရပူရ၊ မန္တလေး၊ စစ်ကိုင်း၊ အင်းဝ၊ မုံရွာ၊ ဂန့်ဂေါ၊ ကလေး နှင့် တမူးမြို့သို့ သွားရောက်ပြီး အိန္ဒိယနိုင်ငံသို့ ပြန်လည်ထွက်ခွာရန်အတွက် ရောက်ရှိလာကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~