ရွှေပေါက်ကံ EPC ရုံးဘေး အာဏာသိမ်းစစ်တပ် တပ်စွဲထားသည့်နေရာကို ဒေသကာကွယ်ရေးအဖွဲ့များက ဗုံးသီးဖြင့် တိုက်ခိုက်

ရွှေပေါက်ကံ EPC ရုံးဘေး အာဏာသိမ်းစစ်တပ် တပ်စွဲထားသည့်နေရာကို ဒေသကာကွယ်ရေးအဖွဲ့များက ဗုံးသီးဖြင့် တိုက်ခိုက်
ဇန်နဝါရီ 6, 2022 | အခြားဒေသများ

ရန်ကုန်တိုင်း၊ ရွှေပေါက်ကံမြို့နယ်၊ တောင်ငူလမ်း EPC ရုံဘေးရှိ ဘောလုံးကွင်းတွင် အာဏာသိမ်းစစ်တပ်မှ အယောက် (၃၀) ဝန်းကျင်တပ်စွဲထားသဖြင့် ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့ နံနက် (၄)နာရီ မိနစ် (၅၀)တွင် ဒေသကာကွယ်ရေးအဖွဲ့များက ဗုံးသီး (၃) လုံးပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဘောလုံးကွင်းတွင်း တပ်စွဲထားသည့်အဖွဲ့ကို Area 21 ၏ မိတ်ဖက်ညီနောင်များဖြစ်သည့် CGF YGN  နှင့် Yangon Federal Army - YFA  တို့ ပူးပေါင်းကာ  M79 40 mm  ဗုံးသီး (၃ )လုံး  ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုအရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ ပျံလွှားအောင်စစ်ဆင်ရေးက စစ်အာဏာရှင်များအား ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း CGF-YGGN (Civil Guerrilla Force-Yangon) က ထုတ်ပြန်ကြေညာထားသည်။