ပုလဲ - ဂန့်ဂေါလမ်းပိုင်းတွင် Pale Jokers(PDF) အဖွဲ့က စစ်ဆေးရေးပြုလုပ်စဥ် ကြံ့ဖွံ့ပါတီ၏ ဝါဒဖြန့်သတင်းစာနှင့် သ၀ဏ်လွှာများ သိမ်းဆည်းရမိ

‌Photo: Pale Jokers PDF
‌Photo: Pale Jokers PDF
ပုလဲ - ဂန့်ဂေါလမ်းပိုင်းတွင် Pale Jokers(PDF) အဖွဲ့က စစ်ဆေးရေးပြုလုပ်စဥ် ကြံ့ဖွံ့ပါတီ၏ ဝါဒဖြန့်သတင်းစာနှင့် သ၀ဏ်လွှာများ သိမ်းဆည်းရမိ
ဇန်နဝါရီ 2, 2022 | အခြားဒေသများ

ကြံ့ဖွံ့ပါတီ၏ ဝါဒဖြန့်သတင်းစာနှင့် သ၀ဏ်လွှာများကို စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း ပုလဲ - ဂန့်ဂေါလမ်းပိုင်းတွင် ယနေ့ ဇန်နဝါရီလ(၂)ရက်နေ့ နံနက်က  Pale Jokers(PDF) အဖွဲ့က စစ်ဆေးရေးပြုလုပ်စဥ် တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။ 

 

အကြမ်းဖက်စကစ လက်ကိုင်ဒုတ် ပြဿနာ၏အရင်းခံ ခွေးသူခိုးပါတီ၏ ဝါဒဖြန့်သတင်းစာနှင့် ခွေးစကားသဝဏ်လွာများကို ဖမ်းဆီးရမိခဲ့သည်

ဟု ‌Pale Jokers PDF က ယနေ့ နံနက်တွင် သတင်းထုတ်ပြန်ထားသည်။ 

 ပုလဲ - ဂန့်ဂေါလမ်း အသုံးပြုသွားလာနေသော ခရီးသွားပြည်သူများနှင့် ယာဥ်များအနေဖြင့် အကြမ်းဖက်စစ်‌ကောင်စီနှင့်ပတ်သက်သော ပစ္စည်းနှင့် စာရွက်စာတန်းများကို သယ်ဆောင်လာခြင်း မပြုကြရန်လည်း တိုက်တွန်းထားသည်။

အထူးသဖြင့် Express ယာဥ်များတွင် ယင်းကဲ့သိုသော ပစ္စည်းများ အများဆုံးတွေ့ရသည် ဟုဆိုသည်။

စစ်ကောင်စီနှင့်ပတ်သက်သော ပစ္စည်းများကို အကြိမ်ကြိမ် ဖမ်းဆီးရမိနေခြင်းကြောင့် အကြိမ်ကြိမ်ကျူးလွန်နေပါက လူနှင့် ပစ္စည်းများကို လုံးဝအာမခံတော့မည် မဟုတ်ဟုလည်း ထုတ်ပြန်သည်။

ယင်းလမ်းပိုင်းတွင် ဇန်နဝါရီလ(၁)ရက်နေ့ကလည်း အကြမ်းဖက်စစ်အုပ်စုပိုင် မြန်မာဘီယာများကို စစ်ဆေးတွေ့ရှိရသည့်အတွက် ယာဉ်မောင်းများအား နောက်နောင်သယ်ဆောင်ခြင်းမပြုရန် သတိပေးပြီး ဘီယာများကိုလမ်းပေါ်တွင် ဖျက်ဆီးခဲ့သည်။