ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်အတွက် အမျိုးသားညီညွတ်ရေးအစိုးရက မွေးနေ့ဆုတောင်းလွှာ ပေးပို့

ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်အတွက် အမျိုးသားညီညွတ်ရေးအစိုးရက မွေးနေ့ဆုတောင်းလွှာ ပေးပို့
ဇန်နဝါရီ 5, 2022 | နိုင်ငံရေး

 ကချင်ပြည်နယ်လွတ်လပ်ရေးကောင်စီ (KIC)  ဒုဥက္ကဌ -၁ ၊ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်၏ ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့တွင် ကျရောက်သည့် အသက် (၆၀) ပြည့်မွေးနေ့အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မွေးနေ့ဆုတောင်းလွှာ ပေးပို့ကြောင်း သိရသည်။

 ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကချင်ပြည်လွတ်လပ်ရေး ကောင်စီ (KIC)  ဒုဥက္ကဌ-၁ ၊ ဒုတိယဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်ရဲ့ နှစ် ၆၀ ပြည့် မွေးနေ့မှစ၍ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ ပြည်သူ့အကျိုး ဆတက်ထမ်းပိုး ထမ်းဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ဟု မွေးနေ့ဆုတောင်းလွှာတွင် ဖေါ်ပြထားသည်။

ဒုတိယဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်ကို ၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၅ ရက် (စနေနေ့) ညနေ ၇ နာရီအချိန်မှာ အဖ ဦးဆွမ်လွတ်တူးနှင့် အမိ ဒေါ်ဂျီစောလွီတို့က  မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံတွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။



ဒုတိယဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်နှင့် KIO/KIA သည် စစ်အာဏာရှင်တော်လှန်သည့် နွေဦးတော်လှန်ရေးတွင် ပြည်သူလူထုဘက်မှ မားမားမတ်မတ်ရပ်တည်သည်ကို တွေ့ရသည်။

#TachileikNewsAgency