ဒူဘိုင်းမှ ပြန်လာသည့် မြန်မာနိုင်ငံသား (၄)ဦးတွင် အိုမီခရွန် စတင်တွေ့ရှိ

ဒူဘိုင်းမှ ပြန်လာသည့် မြန်မာနိုင်ငံသား (၄)ဦးတွင် အိုမီခရွန် စတင်တွေ့ရှိ
ဒီဇင်ဘာ 28, 2021 | Covid-19

မြန်မာနိုင်ငံသို့ ဒူဘိုင်းမှ ပြန်လာသူ (၄) ဦးတွင် COVID 19 ဗီဇမျိုးကွဲ အိုမီခရွန်ကူးစက်ခံထားရသည်ကို တွေ့ရပြီး အားလုံးကျန်းမာရေးကောင်းနေသည်ဟု အာဏာသိမ်းအဖွဲ့၏ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြည်ပမှပြန်လာသူများမှ COVID 19 ပိုးတွေ့ရသူ (၃၀) ဦး၏ ဓါတ်ခွဲနမူနာများကို ဒီဇင်ဘာလ (၁၄) ရက်နေ့ကစ၍ မျိုးရိုးဗီဇစစ်ဆေးရာ (၄)ဦးတွင် အိုမီခရွန်ပိုးရှိနေသည်ကို ဒီဇင်ဘာလ (၂၈) ရက်နေ့၌ ဓါတ်ခွဲအဖြေရရှိကြောင်း သိရသည်။

အဆိုပါ (၄) ဦးအနက် (၁)ဦးတွင်သာ ရောဂါလက္ခဏာပြပြီး ကျန် (၃)ဦးတွင် မည်သည့်လက္ခဏာမှ မပြကြောင်းနှင့် (၄) ဦးလုံးမှာ သတ်မှတ်ရက်ပြည့်၍ ကုသရေးစင်တာမှ ဆင်းသွားကြပြီးဖြစ်ကြောင်း သိရသည်။

COVID 19 ကာလအတွင်း စစ်အာဏာသိမ်းခံထားရသည့် မြန်မာနိုင်ငံတွင်  COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ထိရောက်စွာလုပ်ဆောင်နိုင်ခြင်းမရှိတော့ဘဲ ပြီးခဲ့သည့် တတိယလှိုင်းအတွင်း အများအပြားသေဆုံးခဲ့ရသည်။