သင်သိပါသလား…..

သင်သိပါသလား…..
သြဂုတ် 22, 2020
By Tachileik News Agency
သင်သိပါသလား…..
မဖြစ်မနေ ဆောင်ရွက်သင့်တဲ့ ဘာသာရေးဆိုင်ရာ အခမ်းအနားတွေမှာ ဘာတွေ လုပ်ဆောင်ရမလဲဆိုတာ..
မဖြစ်မနေ ဆောင်ရွက်သင့်တဲ့ ဘာသာရေးဆိုင်ရာ အခမ်းအနားများကို လူ (၃၀) ဦးအောက် အရေအတွက်နဲ့ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်နေ့ကစပြီး ခွင့်ပြုထားပြီဆိုပေမဲ့ COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်များအတိုင်း အတိအကျ လိုက်နာရမှာဖြစ်ပါတယ်။
ဘာသာရေးအဆောက်အဦများမှာ
- လာရောက်သူတိုင်းကို အဝင်ဝမှာ ကိုယ်အပူချိန်တိုင်းတာပြီး ကိုယ်အပူချိန်မြင့်ရင် ဖျားနာရင် ချောင်းဆိုး၊ အသက်ရှုကြပ်ရင် ဝင်ခွင့်မပြုရပါဘူး။
- နှာခေါင်းစည်း (Mask)နဲ့ Face Shield တပ်ဆင်ရပါမယ်။
- အဆောက်အဦများမှာ လေအေးပေးစက်မသုံးဘဲ လေဝင်လေထွက်ရှိအောင် ပြတင်းပေါက်များ ဖွင့်ထားရပါမယ်။
- လူအများထိတွေ့ရာနေရာများကို ပိုးသတ်သန့်စင်ရပါမယ်။
- လက်ဆေးရန်နေရာများ၊ လက်သန့်ဆေးရည်များ ထားရှိပေးရပါမယ်။
- ရောဂါကာကွယ်ရေးအသိပညာပေးခြင်းများကို အများမြင်သာအောင် ချိတ်ဆွဲထားရပါမယ်။
- သံသယလက္ခဏာလူနာတွေ့ပါက ကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ်ရန်နှင့် သီးသန့်ထားရန် နေရာရှိရပါမယ်။