နိုင်ငံအတွင်း စက်တင်ဘာလ(၉)ရက်နေ့အတွက် နှစ်ကြိမ်ပေါင်း စစ်ဆေးမှုတွင် Covid-19 အတည်ပြုလူနာ (၂၀၂)ဦး အသစ်ထပ်တိုး

နိုင်ငံအတွင်း စက်တင်ဘာလ(၉)ရက်နေ့အတွက် နှစ်ကြိမ်ပေါင်း စစ်ဆေးမှုတွင် Covid-19 အတည်ပြုလူနာ (၂၀၂)ဦး အသစ်ထပ်တိုး
စက်တင်ဘာ 10, 2020
By Tachileik News Agency

နိုင်ငံအတွင်း စက်တင်ဘာလ(၉)ရက်နေ့အတွက် နှစ်ကြိမ်ပေါင်း စစ်ဆေးမှုတွင် Covid-19 အတည်ပြုလူနာ (၂၀၂)ဦး အသစ်ထပ်တိုး

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၂၀၂၀ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့၏ ဒုတိယအသုတ်အဖြစ် (၂,၁၈၉)ဦး၏ ဓါတ်ခွဲနမူနာများကို စစ်ဆေးရာ (၁၂၀)ဦးတွင် Covid-19 ပိုးတွေ့ရှိ၍ စက်တင်ဘာလ(၉)ရက်နေ့၏ နှစ်ကြိမ်ပေါင်း စစ်ဆေးမှုတွင် အတည်ပြုလူနာသစ် (၂၀၂)ဦး တိုးလာကြောင်း စက်တင်ဘာလ(၁၀)ရက်နေ့ နံနက်(၈)နာရီအချိန်က သတင်းထုတ်ပြန်ထားရှိသည်။ 

စက်တက်ဘာလ(၉)ရက်နေ့၏ ပထမအသုတ်တွင် စစ်ဆေးမှုတွင် (၁,၂၂၆)ဦးကို စစ်ဆေးရာ (၈၂)ဦးတွင် Covid-19 တွေ့ရှိထားပြီး ည(၈)နာရီက စ၍ နံနက်(၈)နာရီအချိန်အထိ ဒုတိယအသုတ်အဖြစ် (၂,၁၈၉)ဦးကို စစ်ဆေးရာ (၁၂၀)ဦးတွင် တွေ့ရှိ၍ (၂၀၂)ဦး အသစ် ထပ်တိုးလာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှ စက်တင်ဘာလ(၁၀)ရက်နေ့ နံနက်(၈)နာရီအထိ အတည်ပြုလူနာ စုစုပေါင်း (၂,၀၀၉)ဦးအထိရှိလာပြီး သေဆုံးသူမှာ (၁၄)ဦးနှင့် ဆေးရုံဆင်းခွင့်ရရှိသွားသူများမှာ (၅၅၃)ဦးအထိ ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားရှိသည်။
 
Tachileik News Agency
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~