ကျိုင်းတုံမြို့တွင် COVID 19 ကာကွယ်ရေးကာလ အတွင်း သဘာဝဘေးဖြင့် အရေးယူရမှု (၁)မှုနှင့် ညမထွက်ရအမိန့်ချိုးဖေါက်၍ အရေးယူရသူ (၃၀)ကျော်ရှိနေ

ကျိုင်းတုံမြို့တွင် COVID 19 ကာကွယ်ရေးကာလ အတွင်း သဘာဝဘေးဖြင့် အရေးယူရမှု (၁)မှုနှင့် ညမထွက်ရအမိန့်ချိုးဖေါက်၍ အရေးယူရသူ (၃၀)ကျော်ရှိနေ
အောက်တိုဘာ 10, 2020
By Tachileik News Agency
ကျိုင်းတုံမြို့တွင် COVID 19 ကာကွယ်ရေးကာလ အတွင်း သဘာဝဘေးဖြင့် အရေးယူရမှု (၁)မှုနှင့် ညမထွက်ရအမိန့်ချိုးဖေါက်၍ အရေးယူရသူ (၃၀)ကျော်ရှိနေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့အထိကာလအတွင်း COVID 19 ကာကွယ်ရေးအတွက် ညွှန်ကြားချက်များကို ဖေါက်ဖျက်၍ သဘာဝဘေးဖြင့် အရေးယူမှု (၁)မှုနှင့် ညမထွက်ရအမိန့်ချို့ဖေါက်၍ အရေးယူရသူ (၃၀)ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။
“သဘာဝဘေးနဲ့ အရေးယူရတာကတော့ KTV တစ်မှုရှိတယ်။ ကျန်တာတော့ မရှိပါဘူး။ ညမထွက်ရအမိန့် ချိုးဖေါက်လို့ အရေးယူရတာကတော့ (၃၀)ကျော်လောက်ရှိတယ်။”ဟု ကျိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းမှ တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ(၉)ရက်နေ့က ပြောသည်။
COVID 19 ကာကွယ်ရေးအတွက် KTV၊ ဘား၊ ကလပ်များ ပိတ်ထားရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  ညွှန်ကြားထားသည့် ကာလအတွင်း ကျိုင်းတုံမြို့ရှိ Glaxy Star KTV က ဖွင့်လှစ်နေသဖြင့် စက်တင်ဘာလ (၃) ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကေတီဗီ၏ ပိုင်ရှင်နှင့် လာရောက်သီဆိုနေသည့် အမျိုးသား (၇)ဦးနှင့် အမျိုးသမီး (၆)ဦး စုစုပေါင်း (၁၄)ဦးကို သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ- ၂၅ ဖြင့် တရားစွဲဆိုခဲ့ပြီးနောက် အောက်တိုဘာလ (၇)ရက်နေ့က အသက်မပြည့်သေးသူ (၂)ဦးမှလွဲ၍ ကျန် (၁၂)ဦးကို ထောင်ဒဏ် (၁)လစီ ချမှတ်လိုက်ခြင်းဖြစ်သည်။
ယင်းအပြင် နေ့စဉ် ည (၁၂)နာရီမှ နံနက် (၄)နာရီအတွင်း ညမထွက်ရအမိန့်ကြေညာထားခြင်းကို နေ့စဉ် COVID 19 ကာကွယ်ရေးနှင့်ပတ်သက်၍ သတိပေးချက်များ လိုက်လံကြေညာရာတွင် ထည့်သွင်းသတိပေး ပြောကြားနေသော်လည်း ညမထွက်ရအမိန့်ချိုးဖေါက်၍ အရေးယူထားရသူ (၃၀)ကျော်ရှိနေသည်ဟု သိရသည်။
Tachileik News Agency
 သတင်း - ချယ်ရီထိုက်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~