ရွှေညဝါဆရာတော်အား အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ထောင် (၂)နှစ် ချ

ရွှေညဝါဆရာတော်အား အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ထောင် (၂)နှစ် ချ
ဒီဇင်ဘာ 28, 2021 | အခြားဒေသများ

မန္တလေးမြို့တွင် ဖေဖော်ဝါရီလ(၁)ရက်နေ့က စစ်တပ်ကို ဝေဖန်မှုကြောင့်ဟုဆိုတာ ဖမ်းဆီးခံရသည့် ရွှေညဝါဆရာတော်အရှင်ပညာသီဟအား ပုဒ်မ ၅၀၅-ခ ဖြင့် ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင်  ထောင်ဒဏ် (၂)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ရွှေညဝါဆရာတော်ကြီး အရှင်ပညာသီဟအား ဖမ်းဆီးစဉ်ကာလတုန်းက ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ကာ တရားစွဲဆိုခံထားရသော်လည်း ခုခံချေပမှုများအရ ပုဒ်မ ၅၀၅-ခ သို့ ပြောင်းလဲပြီး ထောင်ဒဏ်(၂)နှစ်အဖြစ် အာဏာသိမ်းစစ်ကောင်စီအဖွဲ့က အမိန့်ချလိုက်ခြင်း ဖြစ်သည်။



ဒီဇင်ဘာလ(၂၇)ရက်နေ့မှ ဒီဇင်ဘာလ(၂၈)ရက်နေ့အတွင်း သရုပ်ဆောင် ပိုင်တံခွန်အား အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃)နှစ်ဖြင့် လည်းကောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်အား အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃)နှစ်ဖြင့် လည်းကောင်း၊ ဗေဒင်ဆရာ လင်းညိုတာယာအား ထောင်ဒဏ် (၂)နှစ်ဖြင့် လည်းကောင်း အသီးသီးချမှတ်ခဲ့ကြောင်းလည်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီက အာဏာသိမ်းကာလအတွင်း မတရားဖမ်းဆီးထားသူများထဲက အဓိက အားဖြင့် ပုဒ်မ ၅၀၅-က ၊ ပုဒ်မ ၅၀၅-ခ တို့ဖြင့် တရားစွဲဆိုခံထားရသူများကို ၂၀၂၁ခုနှစ် ဒီဇင်ဘာလအတွင်း အမှုပြီးပြတ်ရန် လုပ်ဆောင်ရမည်ဟု ညွှန်ကြားထားကြောင်းလည်း သိရသည်။