ကလေးမြို့တောင်ပိုင်း ရန်ကြီးအောင် ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်

CDF - KKG တပ်ရင်း (၄) ၏ သင်တန်းဆင်းပွဲတုန်းက ပုံ [  Photo: CDF-KKG  ]
CDF - KKG တပ်ရင်း (၄) ၏ သင်တန်းဆင်းပွဲတုန်းက ပုံ [ Photo: CDF-KKG ]
ကလေးမြို့တောင်ပိုင်း ရန်ကြီးအောင် ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်
ဖေဖော်ဝါရီ 13, 2022 | အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း၊ ရန်ကြီးအောင် ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက  ဖေဖော်ဝါရီလ(၁၂)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားအများအပြားသေပြီး အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း CDF-KKG က ယနေ့ဖေဖော်ဝါရီလ(၁၃)ရက်တွင် သတင်းထုတ်ပြန်လာသည်။

ယင်းစခန်းကို CDF-KKG တပ်ရင်း(၂)၊ (၃)နှင့် RKDF တို့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ် ကောင်စီဖက်မှလည်း လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲ (၂)နာရီကြာဖြစ်ပွားခဲ့ပြီး ၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စခန်းအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကာ သေဆုံး၊ ဒဏ်ရာရသူများလည်းရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်များဘက်က အထိ အခိုက်မရှိ ဆုပ်ခွာနိုင်ခဲ့ကြောင်း သိရသည်။