ရေဦး - ခင်ဦး - ရွှေဘို လမ်းပိုင်းတွင် အာဏာသိမ်း စစ်အုပ်စု၏ ထုတ်ကုန်များကို သယ်ဆောင်လာခြင်း မလုပ်ပြုလုပ်ရန် ဒေသကာကွယ်ရေးအဖွဲ့များက ရှောင်တခင် စစ်ဆေး

Photo: KUGF
Photo: KUGF
ရေဦး - ခင်ဦး - ရွှေဘို လမ်းပိုင်းတွင် အာဏာသိမ်း စစ်အုပ်စု၏ ထုတ်ကုန်များကို သယ်ဆောင်လာခြင်း မလုပ်ပြုလုပ်ရန် ဒေသကာကွယ်ရေးအဖွဲ့များက ရှောင်တခင် စစ်ဆေး

စစ်ကိုင်းတိုင်းအတွင်း ရေဦး - ခင်ဦး - ရွှေဘို လမ်းပိုင်းပေါ်ကနေ အာဏာသိမ်း စစ်အုပ်စု၏ ထုတ်ကုန်များကို သယ်ဆောင်လာခြင်းများ မပြုလုပ်ရန်အတွက် ဒေသကာကွယ်ရေးအဖွဲ့များက ပူးပေါင်း စစ်ဆေးမှုများကို ရှောင်တခင်ပြုလုပ်နေပြီး ပြည်သူ့လုံခြုံရေးအတွက် ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ခင်ဦးဒေသပြောက်ကျားတပ်ဖွဲ့  ( Khin U local Guerrilla Force - KUGF  ) နှင့် ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေး နတ်ဆိုးပြောက်ကျား ပကဖ တို့ ပူးပေါင်းကာ စစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီ၏ ဒေါက်တိုင်မှန်သမျှကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားရှိသည်။

KUGF အနေဖြင့် ယခင်က စစ်ကောင်စီတပ်၏  ယာဉ်တန်းများကို တိုက်ခိုက်ရန်အတွက် ခရီးသွားပြည်သူများ၏ ယာဉ်များအနေဖြင့် ရေဦး - ခင်ဦး - ရွှေဘို လမ်းပိုင်းပေါ် သွားလာခြင်း မပြုလုပ်ရန် ကြိုတင်၍ အရေးပေါ်သတင်းထုတ်ပြန်ကာ အသိပေးမှုများ ပြုလုပ်သော်လည်း ခရီးသွား ပြည်သူများမှာ လိုက်နာခြင်းမရှိ၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်မည့် အစီအစဉ်များ ဖျက်သိမ်းခဲ့ရသည်မှာလည်း (၉)ကြိမ်ရှိခဲ့ကြောင်း သိရသည်။

နောက်ပိုင်း ကျွန်ုပ်တို့ KUGF အနေဖြင့် ခင်ဦးလမ်းပိုင်းအားလုံး ထုတ်ပြန် ကြေငြာချက်များ မထုတ်ပြန်တော့ပါ။ ကျွန်ုပ်တို့၏ ထုတ်ပြန်ကြေငြာချက်များ မိဘပြည်သူများ၏ မလိုက်နာမှုကြောင့် Mission များ ဖျက်ခဲ့ရတာ (၉)ကြိမ်တိတိ ရှိခဲ့ပါသည်။ ကျွန်ုပ်တို့၏ Mission များသည် မိဘပြည့်သူများနှင့် မလွှတ်ကင်းမှုများကြောင့် ဖျက်ပစ်ခဲ့ရတာကြီးပါပဲ။ ထို့ကြောင့် ခရီးသွား စျေးဝယ်နေကြသော မိဘပြည်သူများ အနေဖြင့် စခ လှုပ်ရှာမှုများ လေ့လာပြီးမှ သွားကြပါရန် နောက်ဆုံး အသိပေးအပ်ပါသည်။ တော်လှန်ရေးကာလ အရှိန်မြှင့်လာသည်နှင့်အမျှ  ကျွန်ုပ်တို့ KUGF အနေဖြင့် လုပ်စရာရှိတာ လုပ်ဆောင်သွားပါမည်ဟု မိဘပြည်သူများထံ အသိပေးအပ်ပါသည်။

ဟု ခင်ဦးဒေသပြောက်ကျားတပ်ဖွဲ့  ( Khin U local Guerrilla Force - KUGF  ) က အသိပေးထားရှိသည်။

အာဏာသိမ်းစစ်အုပ်စု၏ ထုတ်ကုန်မှန်သမျှကို စစ်အာဏာရှင်ကို အားမပေးခြင်းအနေဖြင့် ဝယ်ယူ၊ ရောင်းချခြင်း၊ သုံးစွဲခြင်း မပြုလုပ်ရန် စစ်အာဏာရှင်ကို နည်းမျိုးစုံဖြင့် တော်လှန်နေကြသည့် ပြည်သူ့ ကာကွယ်ရေးအဖွဲ့များက အသိပေးထားရှိသည်။