DSTA မှ CDM စစ်သားများ ဦးဆောင်ပြီး ထုတ်လုပ်ထားသည့် ရှေ့ထွက်မိုင်းနှင့် ကားမိုင်းများကို စစ်မြေပြင်တွင် စတင် အသုံးပြု

DSTA မှ CDM စစ်သားများ ဦးဆောင်ပြီး ထုတ်လုပ်ထားသည့် ရှေ့ထွက်မိုင်းနှင့် ကားမိုင်းများကို စစ်မြေပြင်တွင် စတင် အသုံးပြု
ဒီဇင်ဘာ 17, 2021 | အခြားဒေသများ

အာဏာသိမ်းအဖွဲ့လက်အောက်မှ ထွက်ကာ  CDM လုပ်လာသည့် ပြည်သူ့စစ်သားအဖွဲ့ဝင် DSTA များဦးဆောင်၍ စမ်းသပ်ထုတ်လုပ်နေသည့် ရှေ့ထွက်မိုင်းနှင့် ကားမိုင်းများကို အရေအတွက် အမြောက်အများထုတ်လုပ်နိုင်ပြီဖြစ်ပြီး စစ်မြေပြင်တွင် စတင်သုံးစွဲနေပြီဟု ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၇)ရက်နေ့တွင် People Soldiers' Production Team က ထုတ်ပြန်ကြေညာသည်။

People Soldiers' Production Team က Project K1 အဖြစ်  ရှေ့ထွက်မိုင်းသာမက ကားမိုင်းအဖြစ်ပါ နှစ်မျိုးသုံးနိုင်မည့်မိုင်းကို ထုတ်လုပ်နေခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ဒေသကာကွယ်ရေးအဖွဲ့များထံ ဖြန့်ဖြူးပေးသွားမည်ဟု သိရသည်။

အဆိုပါအဖွဲ့က စစ်အာဏာရှင်အား ခုခံတော်လှန်စစ်တွင် အသုံးပြုနိုင်မည့် လက်နက်ခဲယမ်းများ စမ်းသပ်ထုတ်လုပ်ခြင်းကို CDM ဝင်လာသည့် DSTA ဆင်းများနှင့် အရပ်သားကျွမ်းကျင်ပညာရှင်များ ပါဝင်၍ စစ်အာဏာရှင်တော်လှန်လိုသည့် ပြည်သူများ၏ထည့်ဝင်ငွေဖြင့် လုပ်ဆောင်နေကြခြင်းဖြစ်သည်။

People Soldiers’ Production Team Project များအတွက် ဆက်သွယ်လိုပါက  https://t.me/PSPT2021 မှ ဆက်သွယ်နိုင်ကြကြောင်း သိရသည်။