အာဏာသိမ်းစစ်အုပ်စု၏ ခလရ(၂၆၆)မှ တပ်သားနှစ်ဦး လက်နက်ခဲယမ်း အပြည့်အစုံဖြင့် CDF ထံ အလင်းဝင်

ခလရ(၂၆၆)မှ အလင်းဝင်လာသူ တပ်သားနှစ်ဦး  [ Photo: CDF Senthang ]
ခလရ(၂၆၆)မှ အလင်းဝင်လာသူ တပ်သားနှစ်ဦး [ Photo: CDF Senthang ]
အာဏာသိမ်းစစ်အုပ်စု၏ ခလရ(၂၆၆)မှ တပ်သားနှစ်ဦး လက်နက်ခဲယမ်း အပြည့်အစုံဖြင့် CDF ထံ အလင်းဝင်
ဖေဖော်ဝါရီ 16, 2023 | 2021 Military Coup| အခြားဒေသများ

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် တာဝန်ကျနေသည့် အာဏာသိမ်းစစ်အုပ်စု၏ (၂၆၆)တပ်ရင်းမှ တပ်သားနှစ်ဦး လက်နက်အပြည့်အစုံဖြင့် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆) ရက်နေ့တွင် အလင်းဝင်လာကြောင်း CDF-Senthang က သတင်းထုတ်ပြန်သည်။

ဟားခါးမြို့နယ် အခြေပြု အမှတ်(၂၆၆)ခြေလျင်တပ်ရင်း တပ်ဖွဲ့ဝင် တပ်သား(၂)ဦးသည် MA 2 တစ်လက်၊ ကျည်၊ ဗုံးသီး၊ နင်းမိုင်း၊ ထောင်မိုင်းများဖြင့် လာရောက် အလင်းဝင်ခြင်းဖြစ်ကာ ထိုက်သင့်သည့် ဆုကြေးငွေပေး၍ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

ပြီးခဲ့သည့် လကလည်း ဖလမ်းမြို့နယ်အခြေပြု စစ်အုပ်စု၏ ခလရ (၂၆၈) တပ်မှ တပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာသဖြင့် ဆုချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးထားကြောင်း Chin National Organization သတင်းထုတ်ပြန်ထားသေးသည်။