ထိုင်း - မြန်မာနယ်စပ် မဲဆောက်ဘက် စစ်ရှောင်လာသည့် မြန်မာများအား ထိုင်းစစ်တပ်က ပူးပေါင်းကူညီနေ

Photo: เอก เกียรติศักดิ์ แม่สอด
Photo: เอก เกียรติศักดิ์ แม่สอด
ထိုင်း - မြန်မာနယ်စပ် မဲဆောက်ဘက် စစ်ရှောင်လာသည့် မြန်မာများအား ထိုင်းစစ်တပ်က ပူးပေါင်းကူညီနေ
ဒီဇင်ဘာ 26, 2021 | နိုင်ငံတကာသတင်း

ထိုင်း-မြန်မာနယ်စပ်ဒေသ၊ ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ စစ်ဘေးရှောင်လာကြသည့် မြန်မာများကို လူသားချင်းစာနာမှုအကူအညီများပေးရေးအတွက် လူမှုကူညီရေးအဖွဲ့များနှင့် ထိုင်းတော်ဝင်စစ်တပ်မှလည်း ကူညီလုပ်ဆောင်ပေးနေသည်ဟု သိရသည်။

မဲဆောက်ဘက် ကူးလာသည့် မြန်မာစစ်ဘေးရှောင်များအား ကူညီပေးနေသည့် အခြေအနေကို ထိုင်းနယ်စပ်တပ်ဖွဲ့ဝင်တစ်ဦးက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က လူမှုကွန်ယက်တွင် ဖေါ်ပြလာသည်တွေ့ရပြီး နယ်စပ်လှည့်ကင်းကိုလည်း အင်အားတိုးမြှင့်ဆောင်ရွက်နေကြောင်း သိရသည်။

ထိုင်း - မြန်မာနယ်စပ် ကရင်ပြည်နယ်ဘက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲခြင်းတို့ကို စစ်အခြေစိုက်စခန်းမဟုတ်သည့် အရပ်သားနေရာများကိုပါ တိုက်ခိုက်နေသည်ဟု KNU ဘက်က ထုတ်ပြန်ချက်အရ သိရပြီး ထိုင်းနိုင်ငံဘက်တွင်လည်း အာဏာသိမ်းစစ်တပ်ဘက်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ (၁၀) လုံးကျော် ကျရောက်ပေါက်ကွဲထားပြီးဖြစ်သည်။