ထိုင်းနိုင်ငံတွင် အပူလွန်ကဲမှုကြောင့် သွပ်ပြားနေအိမ်အတွင်းမှ အမျိုးသားတစ်ဦး သေဆုံး

ထိုင်းနိုင်ငံတွင် အပူလွန်ကဲမှုကြောင့် သွပ်ပြားနေအိမ်အတွင်းမှ အမျိုးသားတစ်ဦး သေဆုံး
By Mr John

ထိုင်းနိုင်ငံ ဆမွတ်ပရာကန်ပြည်နယ်တွင် သွပ်ပြားများဖြင့် ဆောက်လုပ်ထားသည့် နေအိမ်အတွင်းမှ အသက်(၃၉)နှစ်ရှိ အမျိုးသားတစ်ဦး အပူလွန်ကဲမှုကြောင့် သေဆုံးသွားကြောင်း သိရသည်။

 

 ၂၀၂၄ ခုနှစ် မေလ၏ တတိယမြောက်နေ့  မွန်းလွဲပိုင်းအချိန်က ဆမွတ်ပရာကန်ပြည်နယ် Bang Phli ခရိုင် Premruethai ရပ်ကွက်တွင် နေထိုင်သူ Phongsak မှာ သတိလစ်နေပြီး အသက်မရှူတော့ကြောင်း ၎င်း၏ ဆွေမျိုးများက တွေ့ရှိခဲ့သည်။

Phongsak မှာ အိပ်ယာမှ ထလာပြီးနောက် လဲကျသွားခဲ့ခြင်း ဖြစ်သည်။ 

၎င်း၏ နေအိမ်ကို သွပ်ပြား အများစုဖြင့် ဆောက်လုပ်ထားပြီး အလုံပိတ် အပူသေတ္တာတစ်လုံးကဲ့သို့ ဖြစ်နေကြောင်းနှင့် ပြတင်းပေါက်များ မရှိဘဲ အဝင်အထွက် တံခါးတစ်ပေါက်သာရှိကြောင်း သိရသည်။ 

ဆွေမျိုးများက Phongsak ၏ အသက်ကို ကယ်တင်ရန် မျှော်လင့်ချက်ဖြင့် အရေးပေါ်ဌာနသို့ ဆက်သွယ်ရာ Ruamkatanyu Foundation နှင့် ဒေသခံ ကယ်ဆယ်ရေးသမားများ Phongsak ၏ နေအိမ်သို့ အလျင်အမြန် သွားရောက်ခဲ့ကြသည်။

၎င်းတို့က Pongsak ကို သတိပြန်လည်လာစေရန် CPR (Cardiopulmonary Resuscitation) အရေးပေါ် အသက်ကယ်နည်းနှင့် အလိုအလျောက် နှလုံးရှော့ရိုက်စက် Automated External Defibrillator (AED) အသုံးပြုခြင်း အပါအဝင် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းခဲ့ကြသော်လည်း မအောင်မြင်ခဲ့ဘဲ သေဆုံးသွားခဲ့သည်။

Phongsak မှာ ၎င်း၏ သွပ်ပြား နေအိမ်တွင် (၆) နှစ်မှ (၇) နှစ်ခန့်ကြာ နေထိုင်လာခဲ့ပြီး တစ်ကိုယ်တည်း နေလိုသူဖြစ်ကြောင်းနှင့် ညီမဖြစ်သူက အကြံပေးခဲ့သော်လည်း အပူဒဏ်သက်သာစေရန် တံခါးကိုလည်း ဖွင့်ထားလေ့မရှိဟု ဆိုသည်။

Source: The Thaiger

Photo: thuethainews