အသုံးပြုခြင်းမရှိသည့် Google အကောင့်များကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှစ၍ ဖျက်ပစ်သွားမည်

image: giznex
image: giznex
အသုံးပြုခြင်းမရှိသည့် Google အကောင့်များကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှစ၍ ဖျက်ပစ်သွားမည်
By Mr John

 

(၂) နှစ်ကြာ အသုံးပြုခြင်း မရှိသည့် Google အကောင့်များကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှစ၍ ဖျက်ပစ်သွားမည် ဖြစ်ကြောင်း မေလ (၁၆) ရက်နေ့တွင် ကြေညာသည်။ 

ဟက်ကာများ၏ hack လုပ်မှုများ အပါအဝင် လုံခြုံရေး ခြိမ်းခြောက်မှုများကို တားဆီးကာကွယ်ရန် ထိုသို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

Google အကောင့်တစ်ခုကို အနည်းဆုံး (၂) နှစ်ကြာ အသုံးပြုခြင်းမရှိ သို့မဟုတ် sign in လုပ်ခြင်းမရှိပါက ထိုအကောင့်နှင့် Gmail, Docs, Drive, Meet နှင့် Calender တို့ ပါဝင်သည့် Google Workspace မှ အကြောင်းအရာများ အပြင် YouTube နှင့် Google Photos ကိုလည်း ဖျက်ပစ်နိုင်ကြောင်း Goolgle ကုမ္ပဏီ Alphabet Inc. က ပြောသည်။

ယခု မူဝါဒအပြောင်းအလဲမှာ တစ်ကိုယ်ရည်သုံး Google အကောင့်များကိုသာ သက်ရောက်မည်ဖြစ်ပြီး ကျောင်းများ သို့မဟုတ် စီးပွားရေးလုပ်ငန်းများကဲ့သို့ အဖွဲ့အစည်းများ၏ အကောင့်များ မပါဝင်ကြောင်း သိရသည်။ 

Google က အသုံးပြုခြင်းမရှိသည့် အကောင့်များကို ဖျက်မပစ်မီ မေလ (၁၆) ရက်နေ့မှစ၍ ထိုအကောင့်များ၏ email လိပ်စာများသို့ အကြောင်းကြားစာများ ပေးပို့သွားမည် ဖြစ်သည်။

Source: Reuters