အဆစ်အမြစ်ရောင်ရောဂါ ဖြစ်နိုင်ခြေကြောင့် ထိုင်းဝန်ကြီးချုပ်ပရာယွတ် ဆေးရုံတက်ရ

အဆစ်အမြစ်ရောင်ရောဂါ ဖြစ်နိုင်ခြေကြောင့် ထိုင်းဝန်ကြီးချုပ်ပရာယွတ် ဆေးရုံတက်ရ
By Mr John

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၏ ရောင်ကိုင်းနေသော ညာဘက်လက်ကို စစ်ဆေးစဥ် ပုံမှန်မဟုတ်ကြောင်း တွေ့ရှိရပြီးနောက် ဆရာဝန်များက အခြေအနေစောင့်ကြည့်ရန်အတွက် ဆေးရုံတွင် မတ်လ (၄) ရက် တစ်ညတာ နေစေခဲ့ကြောင်း သိရသည်။ 



ထိုင်းဝန်ကြီးချုပ် ပရာယွတ်က မတ်လ (၃) ရက်နေ့တွင် လှည့်လည်ကြည့်ရှုစစ်ဆေးရန် နှင့် ကုသိုလ်ပြုရန် အယုဒ္ဓယသို့ သွားရောက်ခဲ့ပြီးနောက် ၎င်း၏လက်မှာ ဆိုးရွားစွာ ရောင်ကိုင်းနေသည့်အတွက် ဘန်ကောက်မြို့ရှိ Phramongkutklao ဆေးရုံတွင် ကုသမှုခံယူနေခြင်း ဖြစ်သည်။ 

 

ကနဦး သတင်းများတွင် ဖော်ပြမှုအရ ပရာယွတ်၏ ညာဘက်လက်မှာ သိသိသာသာ ရောင်ကိုင်းနေပြီး အတိအကျ မသိရသေးသည့် ပုံမှန်မဟုတ်မှုတစ်ခု တွေ့ရှိရမှုကြောင့် ဆရာဝန်များက ပဋိဇီဝဆေးများပေးခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်ပရာယွတ်၏ အခြေအနေကို အနီးကပ် စောင့်ကြည့်ရန်အတွက် ဆေးရုံတွင် တစ်ညတာ တက်ရောက်နေစေခဲ့သည်။ 

နောက်ဆက်တွဲ သတင်းများအရ ထိုင်းဝန်ကြီးချုပ်ပရာယွတ်၏ ညာဘက်လက် ရောင်းကိုင်နေခြင်းမှာ  pseudogout ခေါ် အဆစ်အမြစ်ရောင်ရောဂါနှင့် ဆက်စပ်သော အဖြစ်များသည့် ရောဂါလက္ခဏာတစ်ခုဖြစ်ကြောင်း သိရသည်။

Source: Bangkok Post