ကျောက်မဲမြို့တွင် ပညာရေးမှူးရုံး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မြို့တွင်း လမ်းကြိုလမ်းကြားများအထိ CCTV များ လိုက်တပ်နေ

ကျောက်မဲမြို့တွင် ပညာရေးမှူးရုံး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မြို့တွင်း လမ်းကြိုလမ်းကြားများအထိ CCTV များ လိုက်တပ်နေ
ဒီဇင်ဘာ 14, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် မြို့နယ်ပညာရေးမှူးရုံးပေါက်ကွဲမှုဖြစ်ပြီးနောက် အာဏာသိမ်းအဖွဲ့က မြို့တွင်းလမ်းကြိုလမ်းကြားများအထိ CCTV များ လိုက်တပ်နေပြီး ည (၈)နာရီကျော် ထွက်သူများကို ပစ်ခတ်ဖမ်းဆီး၊ ရိုက်နှက်မှုများ လုပ်နေသည်။

ဗဟိုဈေးနားမှာလည်း CCTV တွေ တပ်ထားတယ်။ လူသွားလူလာများတဲ့နေရာ လမ်းကြားတွေမှာလည်း CCTV  (၂)လုံးစီ လိုက်တပ်ထားတာတွေ့တယ်။ ညပိုင်းလည်း အရပ်ဝတ်တွေနဲ့ နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ ကင်းလှည့်နေကြတယ်

 ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။ 

မြို့နယ်ပညာရေးမှူးရုံးတွင် ဒီဇင်ဘာလ ( ၁၁ ) ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြို့တွင်း လူနေရပ်ကွက်လမ်းကြားအချို့အထိ စစ်တပ်က လုံခြုံရေးကင်မရာများ လိုက်လံတပ်ဆင်ထားသည်ဟု သိရသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်သည့်နေ့က လမ်းပေါ်မှ ပစ်ခတ်ဖမ်းဆီးသွားသည့် လူငယ် (၂) ဦးမှာလည်း စစ်ကြောရေးတွင် နှပ်စက်ခံရသည့်ဒဏ်ရာများဖြင့် ကျောက်မဲဆေးရုံတွင် ကုသမှုခံယူခဲ့ရပြီးနောက် လက်ရှိတွင် မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မိသားစုကိုပင် အသိမပေးကြောင်း သိရသည်။

 

ဆက်စပ်သတင်း