လားရှိုးတွင် ခေါက်ဆွဲပြုတ်စားရာမှ နေအိမ်မီးလောင်ပြီး ကလေးငယ် (၂)ဦးသေဆုံး

လားရှိုးတွင် ခေါက်ဆွဲပြုတ်စားရာမှ နေအိမ်မီးလောင်ပြီး ကလေးငယ် (၂)ဦးသေဆုံး
မတ် 13, 2020
By Tachileik News Agency
လားရှိုးတွင် ခေါက်ဆွဲပြုတ်စားရာမှ နေအိမ်မီးလောင်ပြီး ကလေးငယ် (၂)ဦးသေဆုံး

ရှမ်းပြည်နယ်( မြောက်ပိုင်း ) လားရှိုးမြို့နယ် ခါးသျှီကျေးရွာအုပ်စု၊ ခါးသျှီအောက်ကျေးရွာတွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့ ညပိုင်းက နေအိမ်တစ်လုံး၌ အသက် ( ၉ )နှစ်နှင့် ( ၆ )နှစ်အရွယ် ကလေးနှစ်ဦးတည်း ကျန်ခဲ့စဉ် ထင်းမီးဖိုဖြင့် ခေါက်ဆွဲပြုတ်စားရာမှ မီးလောင်မှုဖြစ်ပွားပြီး ကလေးနှစ်ဦးလုံး သေဆုံးသွားသည်။

ခါးသျှီအောက်ရွာရှိ  ဦးဇီဆူးနှင့် ဇနီးဖြစ်သူ ဒေါ်လာမလေးတို့သည် တစ်ရွာတည်းနေ ဒေါ်လာမလေး၏ ဖခင်ဖြစ်သူနေအိမ်သို့ ည (၈) နာရီအချိန်ခန့်က သွားရောက်ကြစဉ် နေအိမ်၌ကျန်ရှိသည့် အသက် (၉)နှစ်အရွယ် သမီးဖြစ်သူ မနွယ်နီဝင်းနှင့် အသက် (၆)နှစ်အရွယ် မဆုဆုခိုင်တို့သည် ထင်းမီးဖိုဖြင့် ခေါက်ဆွဲပြုတ်စားစဉ် ဝါးထရံသို့ မီးကူးစက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ည (၈)နာရီခွဲဝန်းကျင်တွင် မီးသတ်ယာဉ်များ ရောက်ရှိငြှိမ်းသတ်ခဲ့ကြပြီး သွပ်မိုး၊ ထရံကာ နေအိမ်မီးလောင်ဆုံးရှုံးခဲ့ပြီး ကလေးနှစ်ဦးလုံး မီးလောင်သေဆုံးသွားကြောင်း သိရသည်။

မီးလောင်မှုနှင့်ပတ်သက်၍ နေအိမ်ပိုင်ရှင်ဖြစ်သူအား  လားရှိုးမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - ကိုနေမျိုး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~