မဲဆောက်တွင် လူကုန်ကူးဂိုဏ်းနှင့်ဆက်စပ်ဖွယ်ရှိသည့် မြန်မာ ၂ ဦးနှင့် ထိုင်း ၁ ဦး ဖမ်းဆီးထားပြီး မြန်မာဘက်ရှိသူကိုဖမ်းရန် သတင်းပေးထား

 {ထိုင်းဘက်သို့ တရားမဝင်လမ်းကြောင်းမှဝင်လာ၍ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများ}
{ထိုင်းဘက်သို့ တရားမဝင်လမ်းကြောင်းမှဝင်လာ၍ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများ}
မဲဆောက်တွင် လူကုန်ကူးဂိုဏ်းနှင့်ဆက်စပ်ဖွယ်ရှိသည့် မြန်မာ ၂ ဦးနှင့် ထိုင်း ၁ ဦး ဖမ်းဆီးထားပြီး မြန်မာဘက်ရှိသူကိုဖမ်းရန် သတင်းပေးထား
By Tachileik News Agency

ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်အတွင်း နယ်စပ်ဖြတ်ကျော် လူကုန်ကူးဂိုဏ်းနှင့် ဆက်စပ်ဖွယ်ရှိသည့် မြန်မာ (၂)ဦးနှင့် ထိုင်း(၁)ဦးတို့ကို လူကုန်ကူးတိုက်ဖျက်ရေးရဲတပ်ဖွဲ့က ဖမ်းထားပြီး မြန်မာဘက်မှ ပါဝင်ပတ်သက်ဖွယ်ရှိသူများကို ဖမ်းဆီးရမိရေး မြန်မာဘက်ကို သတင်းပေးထားကြောင်း သိရသည်။

အဆိုပါ (၃) ဦးသည်  မြန်မာရွှေ့ပြောင်းလုပ်သားများအား ထိန်းသိမ်းထားသည့် (၇) ဦးအထိပါဝင်နိုင်သည့် လူကုန်ကူးဂိုဏ်းနှင့် ဆက်စပ်ဖွယ်ရှိသည်ဟု ထိုင်းရဲတပ်ဖွဲ့က ယူဆထားသည်။

ဖမ်းဆီးရမိသူများအား ကနဦးစစ်ဆေးချက်အရ ထိုင်းနယ်စပ်ဖြတ်ကျော်လိုသည့် မြန်မာများကို တစ်ဦးလျှင် ဘတ် (၁၂၀၀၀၀)အထိ ငွေကြေးရယူပို့ဆောင်ပေးနေကြောင်း သိရပြီး ပို့ဆောင်ခမပေးနိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည့်တန်ဆာလုပ်ငန်းများနှင့် မလေးရှား ငါးဖမ်းလှေများသို့ အတင်းအကြပ်ပို့ဆောင်ခြင်းများကို လုပ်ကြသည်ဟု သိရသည်။

မြန်မာဘက်တွင် ရှိနေသည့် လူကုန်ကူးဂိုဏ်းတွင် ပါဝင်ဆက်စပ်ဖွယ်ရှိသူအချို့အပါအဝင် ပါဝင်သူများအား ဆက်လက်ဖေါ်ထုတ်နေဆဲဖြစ်ပြီး လက်ရှိတွင် ဖမ်းဆီးခံထားရသူ (၃) ဦးကို လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုတို့ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။



Source: The Nation