မင်းတပ်မြို့တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် အဖွားအိုတစ်ဦး ဒဏ်ရာရ

မင်းတပ်မြို့တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် အဖွားအိုတစ်ဦး ဒဏ်ရာရ

ချင်းပြည်နယ် မင်းတပ်မြို့ တိုက်နယ်(၂)ရှိ ကျေးရွာတစ်ရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် နက်လက်ကြီးကျည် ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၅)ရက် နံနက်ပိုင်းက ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား အဖွားအိုတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း CDFမင်းတပ်ထံမှ သိရသည်။

စစ်ကောင်စီတပ်၏ ခလရ(၂၇၄)မှ ယနေ့နံနက်(၁၁)နာရီခွဲကျော်က တိုက်နယ်(၂)ရှိ ကျေးရွာတစ်ရွာသို့ လက်နက်ကြီးဖြင့်(၄)ချက် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ယနေ့နံနက်ပိုင်းတွင်လည်း ကံချောင်းဘက် ဦးတည်ကာ ထွက်ခွာလာသည့် စစ်ကောင်စီ တပ်မ(၇၇)၊ (၅၅)နှင့် (၁၀၇) သင်တန်းဆင်းရဲများ ပါဝင်သည့် အင်အား (၁၃၀)ဝန်းကျင်ထဲမှ အဖွဲ့တစ်ဖွဲ့သည် ကံချောင်းကျေးရွာ တောင်ဘက်သို့ ဝင်ရောက်မွှေနှောက်နေသည်ဟု ဆိုသည်။ဒါ့အပြင် ကံချောင်းကျေးရွာနှင့် ပေါက်တောကျေးရွာကြားရှိ ဒေသအခေါ် အုတ်တွင်းအနီးတွင်လည်း စစ်ကောင်စီတပ်များရှိနေသည်ဟုလည်း CDFမင်းတပ်က ထုတ်ပြန်ထားသည်။ 

ဇူလိုင်လ (၁၃)ရက်နေ့က CDF မင်းတပ်သည် မင်းတပ်မြို့က စစ်ကောင်စီတပ် ခလရ(၂၇၄)တပ်ရင်းနှင့် စစ်ဆေးရေးဂိတ်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၂)ဦး သေဆုံးခဲ့သေးသည်။

#TachileikNewsAgency

Photo : Internet