"မြန်မာပြည်သစ်အ​တွက် လမ်း​ပေါ်တက်လာတဲ့ အမျိုးသမီးများ"ဓါတ်ပုံပြပွဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဒီဇင်ဘာ (၅)ရက်နေ့အထိ ကျင်းပမည်

"မြန်မာပြည်သစ်အ​တွက် လမ်း​ပေါ်တက်လာတဲ့ အမျိုးသမီးများ"ဓါတ်ပုံပြပွဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဒီဇင်ဘာ (၅)ရက်နေ့အထိ ကျင်းပမည်
နိုဝင်ဘာ 23, 2021 | နိုင်ငံတကာသတင်း

မြန်မာပြည်သစ်အတွက် လမ်း​ပေါ်တက်လာတဲ့အမျိုးသမီးများဓါတ်ပုံပြပွဲကို ထိုင်းနိုင်ငံ၊ ဘန်​ကောက်မြို့ ခည်​ခေါင်ရှိ အနုပညာနှင့်ယဥ်​ကျေးမှုအ​ဆောက်အဦတွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့မှစ၍ စတင်ပြသနေပြီး နိုဝင်ဘာလ (၂၅) ရက်​​​​နေ့၌ အွန်လိုင်းမှ စကားဝိုင်းဖြင့်ဖွင့်လှစ်ရာတွင် NUG ဝန်ကြီးများပါဝင်ဆွေးနွေးမည်ဖြစ်သည်။

မြန်မာ့နွေဦးတော်လှန်ရေးအတွင်းမှ အမျိုးသမီးများ၏ ဓါတ်ပုံများကိုပြသထားသည့် ၎င်းပြပွဲကို SEA JUNCTION, WLB, The Myanmar Photo Collective, AJAR  တို့က စီစဥ်ခြင်းဖြစ်ပြီး ဒီဇင်ဘာလ (၅) ရက်​နေ့အထိ ပြသထားမည်ဟု သိရသည်။

အွန်လိုင်းဖွင့်ပွဲတွင် ပြုလုပ်မည့် စကားဝိုင်း၌ NUG  လူ့အခွ့င်အ​ရေးဆိုင်ရာဝန်ကြီး ဦး​​​အောင်မျိုးမင်း၊ က​လေး လူငယ်နှင့်အမျိုးသမီးဆိုင်ရာဝန်ကြီး ​​နော်စူဇန်နာလှလှစိုး၊ WLB မှ နန်းမို့မို့၊ Progressive Voice မှ ​ဒေါ်ခင်ဥမ္မာ၊ SEA JUNCTION မှ Rosalia Sciortino နှင့် ALTSEAN-Burma မှ Debbie Sothard တို့က ​​နွေဦး​တော်လှန်​ရေးတွင် အမျိုးသမီးများပါဝင်သည့်အ​​​ကြောင်းအား ဘက်စုံ ​ထောင့်စုံမှ ​ဆွေး​နွေးကြမည်ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲကို  နိုဝင်ဘာလ (၂၅) ရက်​​​​နေ့ ညနေ (၄)နာရီမှ (၅)နာရီခွဲအထိကျင်းပမည်ဖြစ်ပြီး Zoom Link: https://bit.ly/ExhibitionLaunch-25NOV မှလည်းကောင်း၊ အစီအစဉ်ပြုလုပ်နေသည့် Event Page ဖြစ်သည့် http://seajunction.org/event/virtual-launch-of-photo-exhibition-women-out-on-the-streets-for-a-new-burma/ and https://fb.me/e/2UjJ0yKHY မှလည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ကြမည်ဖြစ်သည်