ဝက်လက်မြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်ရဲကား မိုင်းဆွဲခံရပြီး စခန်းမှူးအပါ (၄)ဦး သေဆုံး 

ဝက်လက်မြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်ရဲကား မိုင်းဆွဲခံရပြီး စခန်းမှူးအပါ (၄)ဦး သေဆုံး 
ဒီဇင်ဘာ 15, 2021 | အခြားဒေသများ
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားလမ်းဆုံတွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့ နံနက်ပိုင်းက အာဏာသိမ်းစစ်တပ်နှင့် စစ်တပ်နှင့်ရဲအဖွဲ့ လိုက်ပါလာသည့်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ၍ စခန်းမှူး (၁)ဦးအပါအဝင် (၄) ဦးသေဆုံးသည်ဟု ရှိန်းမကား PDF က သတင်းထုတ်ပြန်သည်။

ယနေ့ မနက် ၇ နာရီ ၂၀ မိနစ်တွင် ရှိန်းမကားလမ်းဆုံ၌ အစာရှာထွက်လာသော ရဲခွေး ၊ စစ်ခွေးကို တောကြီးမြွေပွေးတပ်ဖွဲ့မှ ပဒေသာမိုင်း (၆) လုံးကြွေးခဲ့ပါသည်။ သစ်သိမ့်စခန်းမှူးအပါဝင် မုန့်ဟင်းခါး (၄) ပွဲရရှိခဲ့ပါသည်။ ခါးပြတ် ၊ လက်ပြတ် ၊ ​ခြေပြတ်တွေ ဖြစ်ကုန်တာဗျို့။ ကားကိုလဲ ဇောက်ထိုးပြုလုပ်ပေးထားခဲ့ပါသည်။

ဟု ရှိန်းမကား PDF ကထုတ်ပြန်ထားသည်။

ရှိန်းမကားလမ်းဆုံတွင် ပြီးခဲ့သည့် ၂ လခန့်က  စျေးဝယ်ထွက်သည့် ပြည်သူသုံးဦးကို စစ်ကောင်စီတပ်များက သတ်ဖြတ်ကာ အလောင်းများကို ယူကလစ်ပင်များကြား ပစ်ထားခဲ့သေးသည်။

ထို့အပြင် ပြီးခဲ့သည့်လကလည်း စဥ့်ကူးမြိုနယ်နှင့်ဝက်လက်မြိုနယ်မှ စစ်ကောင်စီတပ်များက ရေလမ်း၊ကုန်လမ်းများမှ ပိတ်ဆို့ကာ သစ်ဆိမ့်ရွာကို ဝင်ရောက်စီးနင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးသည်။

နိုင်ငံ့ဘတ်ဂျက်ဖြင့် တည်ထောင်ထားသည့် အာဏာသိမ်းတပ်ကို ခုခံနေသည့် ဒေသကာကွယ်ရေးအဖွဲ့များသည် လက်လုပ်မိုင်းများ၊ လက်လုပ်သေနတ်များဖြင့် ခုခံကာကွယ်တိုက်ခိုက်မှုကို ပြုလုပ်နေကြသည်ကို တွေ့ရသည်။

လူထုဆန္ဒကို ဆန့်ကျင်၍ အာဏာသိမ်းထားသည့်စစ်တပ်က အာဏာသိမ်းမှူဆန့်ကျင်သည့် ငြိမ်းချမ်းသည့်ဆန္ဒပြပွဲများကို လက်နက်ဖြင့်အကြမ်းဖက်နှိမ်နှင်းသတ်ဖြတ်မှုများကြောင့် ပြည်သူများက ရရာလက်နက်ကိုင်သည့် ဒေသကာကွယ်ရေးအဖွဲ့များဖြင့် ခုခံကာကွယ်မှုပြုလုပ်လာကြခြင်းဖြစ်သည်။