COVID 19 မျိုးကွဲ အိုမီခရွန် ကူးစက်ပျံ့ပွားလာမည့် အခြေအနေများအတွက် နိုင်ငံများပြင်ဆင်ထားကြရန် WHO တိုက်တွန်း

COVID 19 မျိုးကွဲ အိုမီခရွန် ကူးစက်ပျံ့ပွားလာမည့် အခြေအနေများအတွက် နိုင်ငံများပြင်ဆင်ထားကြရန် WHO တိုက်တွန်း

ပို၍ကူးစက်မြန်သည့် COVID 19 မျိုးကွဲ အိုမီခရွန်ကူးစက်ပျံ့ပွားမည့် အခြေအနေအတွက် နိုင်ငံအသီးသီးအနေဖြင့် ပြည်သူများအား COVID 19 ကာကွယ်ဆေးထိုးနှံပေးခြင်းအပါအဝင် ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှု အခြေအနေများ တိုးမြှင့်လုပ်ဆောင်ပြင်ဆင်ထားကြရန်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၃) ရက်နေ့တွင် တိုက်တွန်းလိုက်သည်။

နိုင်ငံနယ်စပ်များအား ပိတ်ထားသည့်ကြားမှ ယနေ့ ဩစတေးလျတွင် ခရီးသွားရာဇဝင်မရှိဘဲ COVID 19 မျိုးကွဲ အိုမီခရွန်ကူးစက်ခံထားရသူကို တွေ့ရသဖြင့် နိုင်ငံများအနေဖြင့် နယ်စပ်များ တင်းကြပ်စွာ ပိတ်ပင်ခြင်းမှာ ကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်မည့်အဖြေတစ်ခု မဟုတ်ဘဲ အချိန်ဆွဲဆန့်ရုံသာဖြစ်၍ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပေးခြင်းကဲ့သို့ ကာကွယ်ထိန်းချုပ်နိုင်မည့်နည်းလမ်းများကို လုပ်ဆောင်ရန် WHO က တိုက်တွန်းထားသည်။

တောင်အာဖရိကနိုင်ငံများတွင် ကူးစက်ပျံ့နှံ့နေသည့် အိုမီခရွန်သည် အာရှဒေသသို့လည်း ရောက်လာပြီဖြစ်ပြီး ယနေ့ ဒီဇင်ဘာလ (၃)ရက်နေ့အထိ ဂျပန်၊ တောင်ကိုရီးယား၊ စင်္ကာပူ၊ မလေးရှားနှင့် အိန္ဒိယတို့တွင် ကူးစက်မှုများ တွေ့နေရပြီဖြစ်သည်။

တရုတ်နိုင်ငံတွင် ၂၀၁၉ ခုနှစ် နှောင်းပိုင်းက စတင်ခဲ့သည့် COVID 19 ဗိုင်းရပ်စ်သည် ကမ္ဘာ့ကပ်ရောဂါအဖြစ် ပျံ့ပွားသွားကာ လူပေါင်း (၂၆၄) သန်းနီးပါးမှာ ကူးစက်ခံထားရပြီး (၅.၄၈) သန်းမှာ သေဆုံးခဲ့ရပြီဖြစ်သည်။

#TachileikNewsAgency

Source: CNA

 

ဆက်စပ်သတင်း

  • ကိုဗစ် လူနာဟောင်းများမှာ အိုမီခရွန် ကူးစက်နိုင်ချေ များပြား
  • COVID 19 ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်အတွက် ကာကွယ်ဆေးကို Pfizer က ရက်(၁၀၀)အတွင်း အဆင်သင့် ဖြစ်နိုင်ဖွယ်ရှိ
  • စင်္ကာပူနိုင်ငံတွင် COVID 19 ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကူးစက်ခံထားရသူ (၂)ဦးတွေ့ရှိ
  • ဟောင်ကောင်တွင် ကာကွယ်ဆေးထိုးပြီးသော်လည်း COVID 19 ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် ကူးစက်ခံထားရသူ (၃)ဦးမြောက် တွေ့ရှိ
  • စင်္ကာပူမှ ဩစတေးလျသို့ လာသည့် ခရီးသည်နှစ်ဦးတွင် COVID 19 ဗီဇပြောင်း အိုမီခရွန် တွေ့ရှိ
  • ကိုဗစ် လူနာဟောင်းများမှာ အိုမီခရွန် ကူးစက်နိုင်ချေ များပြား
  • COVID 19 မျိုးကွဲ အိုမီခရွန် ကူးစက်ပျံ့ပွားလာမည့် အခြေအနေများအတွက် နိုင်ငံများပြင်ဆင်ထားကြရန် WHO တိုက်တွန်း