မိုင်းယောင်းမြို့တွင် ဒေသတွင်း ကူးစက်မှုအဖြစ် အမျိုးသားတစ်ဦးထံက Covid-19 ပိုးတွေ့

မိုင်းယောင်းမြို့တွင် ဒေသတွင်း ကူးစက်မှုအဖြစ် အမျိုးသားတစ်ဦးထံက Covid-19 ပိုးတွေ့
ဒီဇင်ဘာ 9, 2020
By Tachileik News Agency

မိုင်းယောင်းမြို့တွင်   ဒေသတွင်း ကူးစက်မှုအဖြစ် အမျိုးသားတစ်ဦးထံက Covid-19 ပိုးတွေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် တာချီလိတ်မှပြန်သွားပြီး COVID 19 ပိုးတွေ့ရသူ၏ မိသားစုဝင် (၁)ဦး၌ ပိုးကူးစက်ခံထားရသည်ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့၌ တွေ့ရသဖြင့် အတည်ပြုလူနာစုစုပေါင်း (၈)ဦး ရှိလာပြီဖြစ်သည်။
"ဟိုနေ့က တာချီလိတ်ပြန်တစ်ယောက်ရဲ့ အစ်ကိုမှာ တွေ့ရတာ။ ဟိုတစ်နေ့က သူ့အဖေမှာတွေ့တယ်။ "ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မိုင်းယောင်းမြို့တွင် တာချီလိတ်မှ ပြန်လာသည့် အမျိုးသမီး (၂)ဦးမှာ နေအိမ်သို့ ပြန်ရောက်နေသဖြင့် facility quarantine သို့ ပို့ဆောင်ထားပြီး စစ်ဆေးရာမှ COVID 19 ကူးစက်ခံထားရသည်ကို တွေ့ခဲ့ရပြီးနောက် နေအိမ်မှ မိသားစုဝင် (၂)ဦး၌လည်း ကူးစက်ခံထားရသည်ကို ထပ်မံတွေ့ခဲ့ရခြင်းဖြစ်သည်။
မိုင်းယောင်းတွင် ၂၀၂၀ခုနှစ် ဒီဇင်ဘာလ(၄)ရက်နေ့မှ  ဒီဇင်ဘာလ (၇)ရက်နေ့အထိ အတည်ပြုလူနာ အမျိုးသား (၃)ဦးနှင့် အမျိုးသမီး (၅)ဦး စုစုပေါင်း (၈)ဦးရှိသည့်အနက် (၅)ဦးမှာ တာချီလိတ်မှ ပြန်သွားသူများဖြစ်ပြီး ကျန် (၃)ဦးမှာ ဒေသတွင်းကူးစက်မှုဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~