ဗီယက်နမ်က ဒေါ်လာ (၅၈) ဘီလီယံကျော် ကုန်ကျမည့် မြန်နှုန်းမြင့် ရထားလမ်း တည်ဆောက်ရန်စီစဥ်

ဗီယက်နမ်က ဒေါ်လာ (၅၈) ဘီလီယံကျော် ကုန်ကျမည့် မြန်နှုန်းမြင့် ရထားလမ်း တည်ဆောက်ရန်စီစဥ်
သြဂုတ် 15, 2022 | နိုင်ငံတကာသတင်း
By Mr John

အာဆီယံအဖွဲ့ဝင် ဗီယက်နမ်က နိုင်ငံ၏မြေပုံ အစမှအဆုံးအထိ ရှည်လျားသော မြန်နှုန်းမြင့်ရထားလမ်းတစ်ခု တည်ဆောက်ရန်စဥ်းစားနေပြီး အမေရိကန်ဒေါ်လာ (၅၈.၇) ဘီလီယံ ကုန်ကျနိုင်ကြောင်း အစိုးရက ဩဂုတ်လ (၁၃) ရက်နေ့တွင် ပြောသည်။

လာမည့်လအတွင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက မိုင်ပေါင်း (၉၆၀) ရှည်လျားမည့် ရထားလမ်းစီမံကိန်းကို အာဏာရ ဗီယက်ကွန်မြူနစ်ပါတီ၏ ဩဇာကြီးမားသည့် မူဝါဒချမှတ်သောအဖွဲ့ (ပေါ်လစ်ဗျူရို) ထံ တင်ပြသွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ဒေသတွင်း ကုန်ထုတ်လုပ်ရေး အချက်အချာနေရာတစ်ခုဖြစ်သည့် ဗီယက်နမ်က လျင်မြန်စွာ တိုးတက်လာသော ၎င်း၏စီးပွားရေးကို ပံ့ပိုးမှုဖြစ်စေရန် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်နေသည်။

ဗီယက်နမ်အစိုးရ၏ မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်းအရ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ (၂၄.၇၂) ဘီလီယံဖြစ်သော (၂) ခုပေါင်း အရှည် (၄၁၃) မိုင်ရှိ ရထားလမ်းပိုင်း (၂) ခုကို ၂၀၃၂ ခုနှစ်တွင် ဖွင့်လှစ်သွားမည် ဖြစ်သည်။ 

မြန်နှုန်းမြင့် ရထားလမ်းပိုင်းတစ်ခုလုံးကို ၂၀၄၅-၂၀၄၆ ခုနှစ်တွင် အပြီးသတ်မည်ဟု ဗီယက်နမ်အစိုးရက ဆိုသည်။

Source: Reuters