အာဏာသိမ်းစစ်တပ် အသုံးပြုနေသည့် လွိုင်ကော် - ဒီးမော့ဆို - ဒေါတမကြီး - ဘောလခဲလမ်းပိုင်းကို ဒီဇင်ဘာလ(၃)ရက်နေ့က စပြီး အကန့်အသတ်မရှိ ပိတ်မည်ဖြစ်ကြောင်း KNDF ကြိုတင် အသိပေး

အာဏာသိမ်းစစ်တပ် အသုံးပြုနေသည့် လွိုင်ကော် - ဒီးမော့ဆို - ဒေါတမကြီး - ဘောလခဲလမ်းပိုင်းကို ဒီဇင်ဘာလ(၃)ရက်နေ့က စပြီး အကန့်အသတ်မရှိ ပိတ်မည်ဖြစ်ကြောင်း KNDF ကြိုတင် အသိပေး
ဒီဇင်ဘာ 1, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်အတွင်း လွိုင်ကော် - ဒီးမော့ဆို - ဒေါတမကြီး - ဘောလခဲလမ်းပိုင်းအား အာဏာသိမ်းစစ်တပ်မှ တပ်ချိန်း၊ အင်အားဖြည့်၊ ရိက္ခာသယ်ယူပို့ဆောင်ခြင်းအပြင် ကင်းထောက်ခြင်း၊ စစ်ရေးလှုပ်ရှားခြင်းများ အတွက် အသုံးပြုနေ၍ လွိုင်ကော် - ဒီးမော့ဆို - ဒေါတမကြီး - ဘောလခဲလမ်းပိုင်းအား ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့က စတင်ပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်း KNDF က သတင်းထုတ်ပြန်ကာ အသိပေးလာသည်။

လွိုင်ကော် - ဒီးမော့ဆို - ဒေါတမကြီး - ဘောလခဲလမ်းပိုင်းအား ပိတ်ထားချိန်တွင်   အများပြည်သူ ဘေးကင်းလုံခြုံရေးအတွက်  ဒေသခံများနှင့် ခရီးသွားပြည်သူများ သွားလာခြင်း မပြုလုပ်ရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF)က ဒီဇင်ဘာလ(၁)ရက်နေ့တွင် အသိပေးထားရှိသည်။

အာဏာသိမ်းစစ်တပ်သည် ကယား(ကရင်နီ)ပြည်နယ်အတွင်း နှင့် ရှမ်း - ကယားနယ်စပ်တို့တွင် စစ်သည်အင်အား၊ လက်အင်အားများဖြင့် ကျေးရွာများတွင် ထိုးစစ်ဆင်နေမြဲဖြစ်၍ ကျေးရွာတွင်းနေ ပြည်သူများမှာလည်း နေအိမ်များသို့ မပြန်ရဲကြသေးဘဲ ဆက်လက်၍ စစ်ဘေးရှောင်နေရဆဲဖြစ်သည်။