ကယားပြည်နယ်အတွင်း ဖရူဆိုမြို့နယ်ထွေအုပ်ရုံး ဗုံးပေါက်ကွဲ 

ကယားပြည်နယ်အတွင်း ဖရူဆိုမြို့နယ်ထွေအုပ်ရုံး ဗုံးပေါက်ကွဲ 
မေ 4, 2021 | ကယား

ကယားပြည်နယ်အတွင်း ဖရူဆိုမြို့နယ်ထွေအုပ်ရုံး ဗုံးပေါက်ကွဲ 

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွင်း ၂၀၂၁ခုနှစ် မေလ(၄)ရက်နေ့ မနက်(၁၁)နာရီ ကျော်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်။

အဆိုပါ ထွေအုပ်ရုံးအတွင်းသို့ ဆိုင်ကယ်စီးလာသူ တစ်ဦးမှ ဗုံးအား ပစ်သွင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုလျှက်ရှိပြီး လူတစ်ဦးထိခိုက်ထားကြောင်း ကနဦး သိရသည်။ 

တစ်ယောက်ထိတယ်တဲ့။ ဘယ်သူလဲတော့ မပြောပြဘူး။ ဘယ်က လာပစ်လဲ ဆိုတာလည်း မသိဘူး။ ခု လောဆယ်ထွေအုပ်ရုံးမှာ စစ်ကောင်စီ ရဲ့ကားတွေနဲ့  အပြည့်ဝိုင်းထားတယ် ။ ဘယ်သူမှတော့ အရမ်းသွား မကြည့်ရဲသေးဘူး။ လောဆယ် ဒီလောက်ပဲ သိရသေးတယ်။ အသံတော့ တော်တော်ကျယ်တယ် ကြားလိုက်တာ။

ဟု ဖရူဆိုမြို့ ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့အတည်ပြုပြောသည်။ 

မေလ ၄ ရက်နေ့ နေ့လည် (၁၂)နာရီခွဲ အချိန်ထိ တာချီလိတ်သတင်းအေဂျင်စီ မှ ဖရူဆိုမြို့ဒေသခံများထံ ဆက်သွယ်မေးမြန်းမှု၏ အတည်ပြုထားချက်များအရ ထွေအုပ်ရုံးအတွင်း လက်ပစ်ဗုံး နှစ်လုံးပေါက်ကွဲခဲ့ပြီး လူတစ်ဦးထိခိုက်ထားကြောင်း သိရှိရပြီး အသေးစိတ်အချက်လက်များကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သည့် ဖရူဆိုမြို့နယ်ထွေအုပ်ရုံးပတ်လည်အား အဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များမှ လုံခြုံရေးများ တင်းကြပ်ထားသလို မြို့အဝင်ထွက်ဂိတ်များတွင်လည်း လုံခြုံရေးတင်းကြပ်ထားကာ လမ်းသွားလမ်းလာ များအား တားဆီးစစ်ဆေးမှုများလုပ်ဆောင်နေကြောင်းသိရသည်။