စစ်ရှောင်သက်ကြီးရွယ်အိုများအား ကူညီကယ်ဆယ်ရင်း ကျဆုံးခဲ့ရသည့် လွိုင်ကော် PDF မှ ရဲဘော် သျှောင်ကြီးဗွေ ၏ ဈာပန

စစ်ရှောင်သက်ကြီးရွယ်အိုများအား ကူညီကယ်ဆယ်ရင်း ကျဆုံးခဲ့ရသည့် လွိုင်ကော် PDF မှ ရဲဘော် သျှောင်ကြီးဗွေ ၏ ဈာပန
ဇန်နဝါရီ 9, 2022 | ကယား

လွိုင်ကော်မြို့တွင်းတိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် သူရဲကောင်း သျှောင်ကြီးဗွေ (ခ) ရီးရယ်ထွန်းကြည်၏ ဈာပန အခမ်းအနားကို ယနေ့ ဇန်နဝါရီလ(၉)ရက်၊ နေ့လည်က ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်​ရေးတပ် (လွိုင်ကော်)၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ 

သျှောင်ကြီးဗွေသည် ယမန်နေ့က  လွိုင်ကော်မြို့တွင်း တိုက်ပွဲတွင် စစ်ရှောင်သက်ကြီးရွယ်အိုများကို ကူညီကယ်ဆယ်ရင်း ကျဆုံးခဲ့ရကာ ကွယ်လွန်ချိန်တွင် အသက်(၂၆)နှစ် ရှိပြီဖြစ်ကြောင်း သိရသည်။

သူရဲကောင်း သျှောင်ကြီးဗွေ အပါအဝင်  လွိုင်ကော် PDF မှ ကျဆုံးခဲ့ရသော ရဲဘော် ခိုခို၊ ရဲဘော် ကြာဦးတိုနှင့် အတူ နိုင်ငံနှင့်အဝန်းတွင် တိုင်းပြည်လွှတ်မြောက်ရေးအတွက် အသက်ပေးလှူသွားရသော သူရဲကောင်းများအားလုံးကို တမ်းတဦးညွှတ်ရင်း  လွိုင်ကော် PDF မှ အရေးတော်ပုံ အဆုံးသတ်သည်ထိ ဦးလည်မသုန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သစ္စာပြုအပ်ကြောင်း အသိပေး ထုတ်ပြန်ဖော်ပြထားသည်။

#TachileikNewsAgency

Photo: PDF Loikaw