ထိုင်းနိုင်ငံတွင် တောင်အာဖရိကမှ ပြန်လာပြီး ဆက်သွယ်မရဘဲ ကျန်နေသူ(၃၀၀)ကျော်ရှိနေ၍ COVID 19 လာရောက် စစ်ဆေးကြရန် သတိပေးထား

ထိုင်းနိုင်ငံတွင် တောင်အာဖရိကမှ ပြန်လာပြီး ဆက်သွယ်မရဘဲ ကျန်နေသူ(၃၀၀)ကျော်ရှိနေ၍ COVID 19 လာရောက် စစ်ဆေးကြရန် သတိပေးထား

ထိုင်းနိုင်ငံတွင်းသို့ တောင်အာဖရိက (၈)နိုင်ငံမှ လာရောက်သူ (၃၃၃) ဦးအနက်မှ အဆက်အသွယ် မရတော့သည့် (၃၀၇) ဦးအနေဖြင့်  COVID 19 မျိုးကွဲ အေမီခရွန် (Omicron) ကူးစက်နိုင်ချေရှိ၍ စစ်ဆေး တာဝန်ရှိသူများထံ အမြန်ဆုံးဆက်သွယ်ကြရန် ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့တွင် သတိပေးထားသည်။

တောင်ဖရိကနိုင်ငံများမှ ပြန်လာပါက အနီးဆုံး ကျန်းမာရေးဌာနများတွင် ဆက်သွယ်ပါက RT-PCR ဖြင့် စစ်ဆေးခြင်းအား အခမဲ့စစ်ဆေးပေးမည်ဖြစ်ပြီး အလွန်အန္တရာယ်ကြီးသည့် အခြေအနေဖြစ်၍ ပူးပေါင်းဆောင်ရွက်ကြပါရန် ကြေညာထားသည်။

ပို၍အန္တရာယ်ကြီးသည့် COVID 19 မျိုးကွဲ အေမီခရွန် (Omicron) ကူးစက်ပျံ့ပွားနေသည့် တောင်အာဖရိကဒေသမှ နိုဝင်ဘာလ (၁၅)ရက်နေ့မှ (၂၇) ရက်နေ့အတွင်း နိုင်ငံတွင်းဝင်လာသူ စုစုပေါင်း (၃၃၃) ဦးအား ပြန်လည်ဆက်သွယ်ရာတွင် (၃)ဦးမှာ နိုင်ငံမှ ပြန်လည်ထွက်ခွာသွားကြပြီး နိုင်ငံတွင်းကျန်ခဲ့သူ (၃၃၀)ဦးအနက် (၂၃) ဦးကိုသာ အဆက်အသွယ်ရရှိထားကြောင်း သိရသည်။

အဆိုပါ လူပေါင်း (၃၀၀) ကျော်မှာ တောင်အာဖရိကနိုင်ငံများဖြစ်ကြသည့် ဘော့ဆွာနာ၊ မိုဇမ်ဘစ်၊ ဇင်ဘာဘွေ၊ နမ်းဘီးယား၊ မာလာဝီနှင့် လီဆိုသိုတို့မှ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသူများဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အေမီခရွန်ကူးစက်ခံရနိုင်ခြေမြင့်မားသည့် တောင်အာဖရိကနိုင်ငံ (၈)ခုမှ ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်ကို ထိုင်းနိုင်ငံသားများမှလွဲ၍ ဝင်ခွင့်ပိတ်ထားပြီဖြစ်သည်။



Source: Bangkok Post

 

ဆက်စပ်သတင်း