ရှမ်းပြည်နယ်တွင်း KTV ၊ Bar ၊ Club များ ဖွင့်လှစ်ပါက မြို့နယ်ကိုဗစ်ကော်မတီများက စိစစ်အရေးယူမည်

ရှမ်းပြည်နယ်တွင်း KTV ၊ Bar ၊ Club များ ဖွင့်လှစ်ပါက မြို့နယ်ကိုဗစ်ကော်မတီများက စိစစ်အရေးယူမည်
သြဂုတ် 22, 2020
By Tachileik News Agency
ရှမ်းပြည်နယ်တွင်း KTV ၊ Bar ၊ Club များ ဖွင့်လှစ်ပါက မြို့နယ်ကိုဗစ်ကော်မတီများက စိစစ်အရေးယူမည်
ရှမ်းပြည်နယ်အတွင်း KTV၊ Bar၊ Club များ အပါအဝင် အလုံပိတ်ခန်းများတွင် လူစုလူဝေးဖြစ်စေသည့်နေရာများအား  တားမြစ်ထားခြင်းကို  လိုက်နာမှုမရှိပါက မြို့နယ် COVID ကော်မတီများက စစ်ဆေးအရေးယူရန် ညွှန်ကြားထားကြောင်း ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီထံမှ သိရသည်။
“ကေတီဗီတွေ၊ ဘားတွေအပါအဝင် ဖွင့်ခွင့်ပြုမထားဘူး။ ဘော်ဒါဆောင်တွေ ဖွင့်ခွင့်ပြုမထားဘူး။ ဒါပေမဲ့ မြေပြင်မှာ တစ်ချို့လည်း လုပ်နေကြတယ်လို့ ကြားနေရတာတွေရှိပါတယ်။ ဒါတွေကို အဓိကလုပ်ရမှာကတော့ မြို့နယ် ကိုဗစ်ကော်မတီတွေဖြစ်ပါတယ်"ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၁) ရက်နေ့တွင် ပြောသည်။
KTV၊ Bar၊ Club များ အပါအဝင် အလုံပိတ်ခန်းများတွင် လူစုလူဝေးဖြစ်စေသည့်နေရာများမှာ COVID 19 ပိုးသယ်ဆောင်ထားသူ ပါဝင်လာပါက လူအစုလိုက်အပြုံလိုက်သို့ ကူးစက်မှုမြင့်မားစေနိုင်သည့် နေရာများဖြစ်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိတ်ထားစေခြင်းဖြစ်သည်။
“ညွှန်ကြားချက်က တစ်ပြည်လုံးမှာ အတူတူပဲ။ KTV၊ Bar။ Club တွေက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့  ဖွင့်ခွင့်မပေးထားဘူး။ အဲဒီအမိန့်က နဂိုကတည်းက ရှိပြီးသား။ လူစုလူဝေးရှိတဲ့နေရာတွေကို မဖြစ်မနေမှသာ သွားကြဖို့၊ မဖြစ်မနေသွားရရင်လည်း Mask တပ်ကြဖို့ အရင်က နှိုးဆော်နေတဲ့အတိုင်းပဲ ဆက်လုပ်ကြရမှာပဲ”ဟု တာချီလိတ်ခရိုင် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။
COVID 19 ကာကွယ်ရေး အစီအစဉ်များကို အတိအကျလိုက်နာနိုင်သည့် လုပ်ငန်းအချို့အား အကန့်အသတ်ဖြင့် ပြန်လည်ခွင့်ပြုနေသော်လည်း COVID 19 ကူးစက်နိုင်ချေမြင့်မားသည့် လုပ်ငန်းများတွင် ပါဝင်သည့် KTV၊ Bar၊ Night Club စသည့် လုပ်ငန်းများအား ကန့်သတ်ထားသော်လည်း ပြန်လည်ဖွင့်လှစ်မှုများရှိနေ၍ ထပ်မံသတိပေးချက်များ ထွက်လာခြင်းဖြစ်သည်။
COVID 19 ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကန့်သတ်ထားသည်များကို မလိုက်နာသည့် လုပ်ငန်းများအား ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူမည်ဟု COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ထုတ်ပြန်ထားကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~