ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းက တစ်ဦးလျှင် (၁၅)ဘတ်ဖြင့် ထမင်းဟင်းအဝစား ရောင်းချမှု စတင်

Photo: ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း
Photo: ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း
 ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းက တစ်ဦးလျှင် (၁၅)ဘတ်ဖြင့် ထမင်းဟင်းအဝစား ရောင်းချမှု စတင်
ဒီဇင်ဘာ 1, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက် ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းက "(တန်ဖိုးနည်း) ထမင်းဟင်း အဝစား (၁၅)ဘတ်"ရောင်းချမှု အစီအစဉ်ကို ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့တွင် စတင်ပြီဖြစ်သည်။

ယနေ့ ဒီဇင်ဘာလ(၁)ရက်နေ့က စတင်ကာ နေ့စဉ် နံနက်(၁၀)နာရီမှ နေ့လည်(၁)နာရီအထိ အဝစား (၁၅)ဘတ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 "(တန်ဖိုးနည်း) ထမင်းဟင်း အဝစား (၁၅)ဘတ်"ဆိုင်ကို ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း၏ ရုံးတည်ရှိရာ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မီးသတ်ရုံးလမ်းကြားတွင် ဖွင့်လှစ် ရောင်းချပေးနေခြင်း ဖြစ်သည်။

  "ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း"သို့ ဆက်သွယ်လိုသူများ အနေဖြင့် မြန်မာဖုန်း 09442747077၊ 09690876226 ၊ 09447222363 နှင့် ထိုင်းဖုန်း 0808989535 သို့ ဆက်သွယ်နိုင်မည်ဖြစ်သည်။