တာချီလိတ်ခရိုင်အတွင်း COVID-19 ကာကွယ်ကုသရေး လုပ်ငန်းများအတွက် လိုအပ်နေသည့် PPE ဝတ်စုံများကို တစ်စုံလျှင်် ဘတ်(၂၅၀)နှုန်းဖြင့် ဆက်သွယ်လှူဒါန်းနိုင်

တာချီလိတ်ခရိုင်အတွင်း COVID-19 ကာကွယ်ကုသရေး လုပ်ငန်းများအတွက် လိုအပ်နေသည့် PPE ဝတ်စုံများကို တစ်စုံလျှင်် ဘတ်(၂၅၀)နှုန်းဖြင့် ဆက်သွယ်လှူဒါန်းနိုင်
ဧပြီ 21, 2020
By Tachileik News Agency

တာချီလိတ်ခရိုင်အတွင်း COVID-19 ကာကွယ်ကုသရေး လုပ်ငန်းများအတွက် လိုအပ်နေသည့် PPE ဝတ်စုံများကို တစ်စုံလျှင်် ဘတ်(၂၅၀)နှုန်းဖြင့် ဆက်သွယ်လှူဒါန်းနိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း ဆေးရုံများတွင် ခွဲဝေလှူဒါန်းမည့် PPE ဝတ်စုံများအတွက် အလှူငွေထည့်ဝင်လှူဒါန်းလိုပါက PPE တစ်စုံလျှင် ဘတ် (၂၅၀)နှုန်းဖြင့် တာချီလိတ်ခရိုင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီထံ ဆက်သွယ်ပါဝင်လှူဒါန်းနိုင်ကြကြောင်း သိရသည်။

“အခုက ဆေးရုံတွေကို ခွဲဝေပေးဖို့ PPE အစုံ (၁,၀၀၀)မှာထားတယ်။ ရောက်လည်းရောက်လာပြီ။ ကုန်ကျငွေကိုတော့ COVID ကော်မတီက ပေးချေထားပြီပေါ့။ ဒီထဲမှာ အစုံ (၂၀၀) ကတော့ 1G1 Hotel က လှူမယ်လို့ပြောတယ်။ ကျန်တဲ့ပါဝင် လှူဒါန်းချင်သူတွေလည်း ပါဝင်နိုင်တယ်ပေါ့။ ဒါတွေက ဆေးရုံတွေကို အကုန်ဖြန့်မယ်။ လှူတဲ့သူရှိရင်လည်း COVID ကော်မတီအနေနဲ့ တခြားလိုအပ်တာတွေ ပိုလုပ်ပေးနိုင်တာပေါ့”ဟု တာချီလိတ်ခရိုင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၂၀)ရက်နေ့တွင် ပြောသည်။

COVID 19 ကာကွယ်၊ ကုသရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့် Personal Protective Equipment (PPE) ဝတ်စုံများကို ခရိုင်အတွင်း ဆေးရုံအားလုံးသို့ တာချီလိတ်ခရိုင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအနေဖြင့် ဖြန့်ဝေပေးသွားရန် စီစဉ်နေခြင်းဖြစ်ရာ ပါဝင်လှူဒါန်းလိုသူများအနေဖြင့် ဝတ်စုံတစ်စုံလျှင် ဘတ်ငွေ (၂၅၀)နှုန်းဖြင့် တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သူရ ၏ ဖုန်း 095 366 198 သို့ ဆက်သွယ်လှူဒါန်းနိုင်ကြမည်ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~