သတ္တုသယ်ယာဉ်များကြောင့် ပျက်စီးနေသည့် တာချီလိတ်မြို့ မောတွီ-မက်မွန်တာ(၃) ကျေးရွာချင်းဆက်လမ်းကို ကျောက်ချောလမ်းခင်းမည်ဖြစ်ပြီး လတ်တလောတွင် ဖုန်မထရန် ရေဖြန်းပေးနေ

သတ္တုသယ်ယာဉ်များကြောင့် ပျက်စီးနေသည့် တာချီလိတ်မြို့ မောတွီ-မက်မွန်တာ(၃) ကျေးရွာချင်းဆက်လမ်းကို ကျောက်ချောလမ်းခင်းမည်ဖြစ်ပြီး လတ်တလောတွင် ဖုန်မထရန် ရေဖြန်းပေးနေ
မတ် 13, 2020
By Tachileik News Agency
သတ္တုသယ်ယာဉ်များကြောင့် ပျက်စီးနေသည့် တာချီလိတ်မြို့ မောတွီ-မက်မွန်တာ(၃) ကျေးရွာချင်းဆက်လမ်းကို ကျောက်ချောလမ်းခင်းမည်ဖြစ်ပြီး လတ်တလောတွင် ဖုန်မထရန် ရေဖြန်းပေးနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်း မောတွီနှင့် မက်မွန်တာ (၃) ကျေးရွာချင်းဆက်လမ်းမှာ သတ္တုသယ်ယာဉ်များကြောင့် လမ်းပျက်စီးနေသဖြင့် သတ္တုတူးဖေါ်ရေးကုမ္ပဏီတစ်ခုက ကျောက်ချောလမ်းအဖြစ် ၂၀၂၀ ခုနှစ်၊ မိုးမကျမီအပြီး ခင်းကျင်းနိုင်ရေး လုပ်ဆောင်နေကြောင်း သိရသည်။

လောလောဆယ် မြေသားလမ်းအရင်လုပ်ပြီးမှ ကျောက်ချောလမ်းပုံစံပေါ့။ မောတွီရွာထိပ်ကနေ မက်မွန်(၁၊ ၂၊ ၃) အထိပေါ့။ သိပ်မကြာခင်မှာ စပြီးခင်းမယ်။ နောက်လဆို မိုးကနီးပြီ။ ရွာလမ်းပဲ အမြဲတမ်းသုံးနေရမှာ ဖြစ်တဲ့အတွက် ရွာရော နှစ်ဦးနှစ်ဖက်အဆင်ပြေအောင်ပေါ့

ဟု စိန်နော်သတ္တုတူးဖော်ရေးကုမ္ပဏီမှ ဒါရိုက်တာ ဦးညီညီက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ မတ်လ (၁၂)ရက်နေ့က ပြောသည်။

တာချီလိတ်မြို့နယ်ရှိ မောတွီ-မက်မွန်တာကျေးရွာဆက်လမ်းဖြစ်သည့် မြေသားလမ်းမှာ သတ္တုသယ်ယာဉ်များ အသုံးပြုမှုကြောင့် လမ်းမှာဆိုးရွားစွာ ပျက်စီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ပျက်စီးသွားသည့်မြေသားလမ်း (၁) မိုင်ကို စိန်နော်သတ္တုတူးဖော်ရေးကုမ္ပဏီက ကျောက်ချောလမ်းအဖြစ် ခင်းကျင်းနေခြင်းဖြစ်ပြီး မြေသားလမ်းတွင် သတ္တုသယ်ယာဉ်များ ဖြတ်သန်းမောင်းနှင်မှုကြောင့် ကျေးရွာလူထုမှာ နေ့စဉ် ဖုန်မှုန့်များဒဏ်ကို ဆိုးရွားစွာခံစားနေကြရကြောင်း သိရသည်။

ကျေးရွာများအတွင်း ဖုန်မှုန့်ဒဏ် သက်သာစေရန် ၂၀၂၀ ခုနှစ် မတ်လ (၁၀) ရက်နေ့မှစတင်ကာ ဆီလီငေါကျေးရွာမှ မက်မွန်တာ(၃) ကျေးရွာအထိ နေ့စဉ် (၂) ကြိမ်စီ ရေဖြန်းပေးခြင်းကို လုပ်ဆောင်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~