တာချီလိတ်မြို့ပေါ် ရပ်ကွက်ပေါင်း (၈)ခု နှင့် ကျေးရွာအုပ်စုပေါင်း (၃)စုအထိ Covid-19 တွေ့ရှိနေ

တာချီလိတ်မြို့ပေါ် ရပ်ကွက်ပေါင်း (၈)ခု နှင့် ကျေးရွာအုပ်စုပေါင်း (၃)စုအထိ Covid-19 တွေ့ရှိနေ
ဒီဇင်ဘာ 1, 2020
By Tachileik News Agency
 
တာချီလိတ်မြို့ပေါ် ရပ်ကွက်ပေါင်း (၈)ခု နှင့် ကျေးရွာအုပ်စုပေါင်း (၃)စုအထိ Covid-19 တွေ့ရှိနေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် COVID 19 ဒေသတွင်း ကူးစက်မှုစတင်တွေ့ရှိသည့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့မှ နိုဝင်ဘာလ (၃၀)ရက်နေ့အထိ အတည်ပြုလူနာတွေ့ရသည့် ရပ်ကွက် (၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃)ခုအထိ တိုးလာသည်ကို တွေ့ရသည်။
ဒေသတွင်းကူးစက်မှုအဖြစ် အတည်ပြုလူနာ (၁)ဦးကို နိုဝင်ဘာလ (၂၅)ရက်နေ့က ပုန်းထွန်ရပ်ကွက်၌ စတင်တွေ့ရပြီးနောက် နိုဝင်ဘာလ (၃၀)ရက်နေ့တွင် တာလော့၊ ဝမ်ကောင်း၊ ဆန်ဆိုင်း(က)၊ ဆန်ဆိုင်း(ခ)၊ မယ်ခေါင်၊ ဝိန်းကျောက်နှင့် ပါဆတ်ရပ်ကွက်များ၌ အတည်ပြုလူနာများ တွေ့လာရသည့်အပြင် မိုင်းကိုးကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာအုပ်စုနှင့် မိုင်းဖုန်း(က)ကျေးရွာအုပ်စုများ၌လည်း အတည်ပြုလူနာများ တွေ့လာရခြင်းဖြစ်ပြီး ၎င်းတို့သည် 1G1 Hotel ၏ KTV မှ အပါအဝင် မြို့တွင်းမှ ကူးစက်သူများဖြစ်၍ သက်ဆိုင်ရာက အဆိုပါ KTV အား နိုဝင်ဘာလ(၂၉)ရက်နေ့က အမှုဖွင့်လိုက်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက် (၁၁)ရပ်ကွက်အနက် (၈)ရပ်ကွက်တွင် အတည်ပြုလူနာတွေ့ထားပြီး ကျေးရွာအုပ်စု (၇)ခုအနက် (၄)ခုတွင် အတည်ပြုလူနာများ တွေ့ထားရခြင်းဖြစ်သည်။
တာချီလိတ်မြို့တွင် အခြားဒေသမှ လာပြီး Covid-19 ပိုးတွေ့ရှိသည့် (၃)ဦး နှင့် တာချီလိတ်မြို့တွင် ကူးစက်မှုအဖြစ် တွေ့ရသည့် (၃၁)ဦးအပါအဝင်  စုစုပေါင်း (၃၄)ဦးတို့သည် ကုသမှု ခံယူနေလျက်ရှိသည်။
ကျန်းမာရေး နှင့် ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူများက အတည်ပြုလူနာများနှင့် ထိတွေ့သူများထဲက စုံစမ်းရသလောက်ကို Covid-19 စစ်ဆေးပေးရန်အတွက် Quarantine ထားရှိကြောင်းသိရှိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~