လုယက်ခိုးမှု များပြားသည့် တာချီလိတ်မြို့တွင် ကားတစ်စီး ခိုးခံရ

လုယက်ခိုးမှု များပြားသည့် တာချီလိတ်မြို့တွင် ကားတစ်စီး ခိုးခံရ

မြန်မာ - ထိုင်းနယ်စပ်ဒေသအတွင်း လုယက်ခိုးမှု များပြားသည့် တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးမှုများ အဆက်မပြတ် ဖြစ်ပွားနေရာမှ ကားခိုးခံရမှုအထိ ဖြစ်ပွားနေပြီး နိုဝင်ဘာလ(၁၆)ရက်နေ့တွင် ကားတစ်စီးခိုးခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ဖားဆိုင်ရှေ့က အိမ်ခန်းငှားမှာပါ။ ကားကို မှန်ခွဲပြီး ယူသွားတာ"ဟု Tachileik News Agency သို့ ပြောသည်။



တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(ပြင်)ရှိ ဖားဆိုင်အသားကင်ဆိုင်ရှေ့ အိမ်ခန်းဌားတွင် ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၆)ရက်နေ့အကူး နံနက်(၂)နာရီကျော်တွင် ခိုးခံရခြင်း ဖြစ်ကြောင်း နှင့် ဖော်ပြပါ ကားကို တွေ့ရှိရသူများအနေဖြင့် ဖုန်း 09422045619 သို့ ဆက်သွယ်အကြောင်းကြားပေးနိုင်ပါရန်လည်း ပိုင်ရှင်ဖြစ်သူက အသိပေးထားရှိသည်။ 

တာချီလိတ်မြို့တွင် နိုင်ငံ့အာဏာသိမ်းခံရပြီးနောက်ပိုင်း ဆိုင်ကယ်ခိုးမှု အဆမတန်ဖြစ်ပွားလာခဲ့ပြီး ခိုးမှု၊ လုယက်မှုများအထိ ဖြစ်ပွားရာကနေ နိုဝင်ဘာလ(၁၄)ရက်နေ့ကလည်း ဓါးပြမှု  ဖြစ်ပွားခဲ့ပြီး ယခုအခါမှာလည်း ကားခိုးယူမှုအထိ ဖြစ်ပွားလာနေသည်။

တာချီလိတ်မြို့တွင် ခိုးဆိုးလုယက်မှုများနှင့် ပတ်သက်၍ နှိမ်းနင်းနိုင်ခြင်း မသေးရှိကြောင်း သိရသည်။