တာချီလိတ်မြို့အား LOCKDOWN မသတ်မှတ်ထားသော်လည်း မဖြစ်မနေ အပြင်အသွား အလာ ပြုလုပ်ပါက MASK တပ်ရန် အဖွဲ့စုံဖြင့် အသိပညာပေး

တာချီလိတ်မြို့အား LOCKDOWN မသတ်မှတ်ထားသော်လည်း မဖြစ်မနေ အပြင်အသွား အလာ ပြုလုပ်ပါက MASK တပ်ရန် အဖွဲ့စုံဖြင့် အသိပညာပေး
ဧပြီ 14, 2020
By Tachileik News Agency
တာချီလိတ်မြို့အား LOCKDOWN မသတ်မှတ်ထားသော်လည်း မဖြစ်မနေ အပြင်အသွား အလာ ပြုလုပ်ပါက MASK တပ်ရန် အဖွဲ့စုံဖြင့် အသိပညာပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် LOCKDOWN မသတ်မှတ်ထားသော်လည် ကူးစက်မြန် Covid-19 ကာကွယ်ရေးအတွက် မဖြစ်မနေမှသာ အပြင်ထွက်ကြရန်နှင့် အပြင်ထွက်တိုင်း Mask တပ်ဆင်ရန် ဒေသန္တရအမိန့်ကို လိုက်နာဆောင်ရွက်ရေးအတွက် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၄) ရက်နေ့မှစ၍ စစ်ဆေးရေးနေရာ (၃)ခုသတ်မှတ်၍ အသိပညာပေးခြင်းဆောင်ရွက်နေသည်။

မကာဟိုခမ်းရပ်ကွက်ရှိ ရွှေတိဂုံဘုရားလမ်းဆုံ၊ တာလော့/ပုန်းထွန်ရပ်ကွက်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁) အဝိုင်း၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ရှမ်းရိုးမကွင်းလမ်းဆုံတို့တွင် စစ်ဆေးရေးအဖွဲ့များက လမ်းသွားလမ်းလာများအား မလိုအပ်ဘဲ အပြင်မထွက်ရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက Mask တပ်ဆင်ကြရန် အသိပညာပေးခြင်းကို ဆောင်ရွက်နေခြင်းဖြစ်သည်။

သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် မဇ္ဇျိမလူမှုကူညီရေးအသင်းတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်နေကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဧပြီလ (၁၃)ရက်နေ့အထိ COVID 19 အတည်ပြုလူနာ (၆၂)ဦးကို စစ်ဆေးတွေ့ရှိထားပြီး အတည်ပြုလူနာများနှင့် ထိတွေ့သူများတွင်ပါ COVID 19 ကူးစက်ခံထားရသည်ကို တွေ့ရှိထားသဖြင့် လူစုလူဝေး နေထိုင်ခြင်း၊ မလိုအပ်ဘဲ သွားလာနေခြင်းများကြောင့် ရောဂါကူးစက်ခံရခြင်းမရှိစေရန် ဒေသန္တရအမိန့်များဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~