ဘန်ကောက်မြို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားက လုပ်ဖော်ကိုင်ဖက် မြန်မာအမျိုးသမီးကို ဓားဖြင့် ထိုးသတ်မှု ဖြစ်ပွား

ဘန်ကောက်မြို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားက လုပ်ဖော်ကိုင်ဖက် မြန်မာအမျိုးသမီးကို ဓားဖြင့် ထိုးသတ်မှု ဖြစ်ပွား
By Mr John

 ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Pratunam ရပ်ကွက်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက လုပ်ဖော်ကိုင်ဖက် မြန်မာအမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးသတ်မှု မတ်လ (၈) ရက်နေ့၏ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ဘန်ကောက်မြို့ Ratchathewi ခရိုင်အတွင်း Pratunam ရပ်ကွက်ရှိ ဈေးဝယ်စင်တာတစ်ခု၏ အပြင်ဘက်တွင် အသက် (၃၄) နှစ်အရွယ် မဖြူမာအောင် အမည်ရှိ မြန်မာအမျိုးသမီး ဓားထိုးခံခဲ့ရခြင်း ဖြစ်သည်။

 

ထိုအမျိုးသမီးကို Phramongkutklao ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ပြီး ဆေးရုံတွင် သေဆုံးသွားခဲ့ပြီး ရဲတပ်ဖွဲ့က ဓားဖြင့်ထိုးသတ်မှုဖြင့် သက်လင်းဦး အမည်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားကို ဖမ်းဆီးခဲ့သည်။ 

ဓားဖြင့်ထိုးသတ်ခံရသူ မဖြူမာအောင်နှင့် သက်လင်းဦးတို့မှာ သစ်သီးအရောင်းဆိုင်တွင် အလုပ်လုပ်ကိုင်ကြသူများဖြစ်ကြောင်း Phaya Thai ရဲတပ်ဖွဲ့မှ ရဲမှူး ရဲဗိုလ်မှူးကြီး Krissadaporn Jong-aksorn က ပြောသည်။

သက်လင်းဦးသည် အလုပ်ချိန်တွင် တစ်ချိန်လုံး မိုဘိုင်းဖုန်းသုံးနေကြောင်း အလုပ်ရှင်ဖြစ်သူကို မဖြူမာအောင်က ပြောလိုက်သည့်အတွက် သက်လင်းဦးက ‌ဒေါသမထိန်းနိုင် ဖြစ်ပြီး မဖြူမာအောင်ကို ဓားဖြင့်ထိုးလိုက်ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်ဟု သိရသည်။



Source: Bangkok Post